အိန္ဒိယသို့ ဗြိတိန်၏ အကြီးစား စစ်သင်္ဘောများ အလည်အပတ် ရောက်ရှိမည်

အိန္ဒိယသို့ ဗြိတိန်၏ အကြီးစား စစ်သင်္ဘောများ အလည်အပတ် ရောက်ရှိမည်

အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရာတွင် ဗြိတိန်၏ စစ်သင်္ဘောကြီးများက အလည်အပတ်ရောက်ရှိရန် အစီအစဉ်များ ရေးဆွဲလျက်ရှိသည်။

တန်ချိန် ၆၅၀၀၀ ရှိ HMS Queen Elizabeth စစ်သင်္ဘောဦးဆောင်၍ လေယာဉ်တင်သင်္ဘောအုပ်စု (CSG) များသည် အိန္ဒိယရေပိုင်နက်အတွင်းသို့ ဝင်ရောက်ကာ မွမ်ဘိုင်းဆိပ်ကမ်းတွင် ရပ်နားမည်ဖြစ်သည်။

HMS Queen Elizabeth သည် ဗြိတိန်တော်ဝင်ရေတပ်၏ သမိုင်းတွင် အကြီးဆုံး ရေပေါ်သင်္ဘောတစ်စင်းဖြစ်ပြီး Niagara Falls ထက် ပိုရှည်သည်။ ပန်ကာများသည် အမြန်ရထား အစင်း ၅၀ နှင့် ညီမျှသည့်အားကို ထုတ်ပေးပြီး ဗြိတိန်နိုင်ငံတွင် ထုတ်လုပ်သမျှတွင် အကြီးဆုံး ရေပေါ်သင်္ဘောဖြစ်သည်။

တော်ဝင်ရေတပ်မှ သင်္ဘော ၆ စင်း၊ တော်ဝင်ရေတပ် ရေငုပ်သင်္ဘော ၁ စင်း၊ အမေရိကန်ရေတပ်ဖျက်သင်္ဘောတစ်စင်းနှင့် နယ်သာလန်မှ ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းသည်လည်း HMS Queen Elizabeth နှင့်အတူ ခရီးစဉ်တွင် ပါဝင်လာခဲ့သည်။ ယခုကဲ့သို့ အင်အားအများအပြား လာရောက်ခြင်းသည် မျိုးဆက်တစ်ဆက်အတွင်း ဗြိတိန်နိုင်ငံမှ ရေတပ်အင်အား အများဆုံး ထွက်ခွာလာခြင်း ဖြစ်သည်။

ဘက်စုံသုံး အပေါ့စား ပဥ္စမမျိုးဆက် F-38 တိုက်လေယာဉ်များသည်လည်း HMS Queen Elizabeth ပေါ်တွင် ပါရှိပြီး ၎င်းတို့တွင် တော်ဝင်လေတပ်၊ တော်ဝင်ရေတပ်နှင့် အမေရိကန်မရိန်းတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များက ပူးပေါင်း တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ်နှင့် ညှိနှိုင်းကွပ်ရေးမှူးချုပ် ဗိုလ်ချုပ်ကြီး နစ်ခ်ကာတာတို့လည်း HMS Queen Elizabeth ပေါ်တွင် ရှိနေမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ်သည် အိန္ဒိပ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနှင့် ဆွေးနွေးမှုများ ပြုလုပ်ကာ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် မွမ်ဘိုင်းမြို့တွင် တွေ့ဆုံမည်ဖြစ်သည်။

စစ်သင်္ဘော HMS Queen Elizabeth သည် နှစ်နိုင်ငံအကြား ပထမဆုံး ၃ မျိုးပေါင်း ပူးတွဲလေ့ကျင့်မှုဖြစ်သည့် Konkan Shakti တွင် ပါဝင်မည်ဖြစ်သည်။ ကြည်းတပ်ဖွဲ့၏ Ajeya Warrior စစ်ရေးလေ့ကျင့်မှုကို ဥတ္တရာခန်းဒေသတွင် ပြုလုပ်နေပြီး ဗြိတိန်တပ်ဖွဲ့ဝင် ၁၂၀ ခန့် ပါဝင်လျက်ရှိသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်သည် အိန္ဒိယသို့ လာရောက်လာပတ်ရန် စိတ်အားထက်သန်နေသည်။ ယခင်က လာရောက်ရန် ၂ ကြိမ်စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ အခြေအနေကြောင့် ဖျက်သိမ်းခဲ့ရသည်။ သို့သော် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်တို့သည် ဂလက်စကို တွင် ကျင်းပမည့် COP25 အစည်းအဝေးတွင် သီးခြားအစီအစဉ်ဖြင့် တွေ့ဆုံနိုင်ဖွယ်ရှိသည်။

အိန္ဒိယနှင့် ဗြိတိန်တို့သည် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်စတင်ရန် သဘောတူညီချက်ယူမည့် အခြေအနေတွင် ရှိနေသည်။ လွတ်လပ်သော ပင်လယ်ရေကြောင်းသွားလာမှုကို ၂နိုင်ငံစလုံးက ထောက်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly