တရုတ်က တိဗက်ရွှေ့ပြောင်းများ၏ ပိုင်မြေများအား အစိုးရဆီ လွှဲပြောင်းရန် တွန်းအားပေး

တရုတ်က တိဗက်ရွှေ့ပြောင်းများ၏ ပိုင်မြေများအား အစိုးရဆီ လွှဲပြောင်းရန် တွန်းအားပေး

တရုတ်နို်ငငံ၊ ရှင်းဟိုင်ပြည်နယ်အာဏာပိုင်များသည် ရေကြည်ရာမြက်နုရာလှည့်လည်နေထိုင်သည့် တိဗက်လူမျိုးများ၏ ဘိုးဘွား ပိုင်မြေများကို အစိုးရဆီလွှဲပြောင်းမည့်သဘောတူညီချက်အား လက်မှတ်ထိုးရန် အတင်းအကျပ်စေခိုင်းနေသည်။

အဆိုပါ လှည့်လည်သွားလာနေသူများသည် တိဗက်ကုန်းပြင်မြင့်၏ စိမ်းလန်းသောစားကျက်မြေများပေါ်တွင် ခြံမွေးတိရစ္ဆာန်များကိုထိန်းကျောင်းခြင်းဖြင့် လွန်ခဲ့သောရာစုနှစ်များစွာက ၎င်းတို့ ဘိုးဘေးဘီဘင်များနေထိုင်ခဲ့သည့်ပုံစံအတိုင်းအများအားဖြင့် နေထိုင်လျက်ရှိကြသည်။

ယခုအခါ တရုတ်အာဏာပိုင်များက ၎င်းတို့အား သမားရိုးကျ လုပ်ကိုင်ခဲ့သည့် စားကျက်မြေသို့ ဝင်ရောက်ခြင်းကိုကန့်သတ်ထားကြောင်းRadio Free Asiaကဖော်ပြခဲ့သည်။

“အာဏာပိုင်တွေက ဒီမြေတွေပိုင်ဆိုင်မှုကို အစိုးရဆီလွှဲပြောင်းပေးပါတယ်ဆိုတဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို လက်မှတ်ထိုးဖို့ တိဗက်တွေကိုတိုက်တွန်းနေတာပါ” ဟုဒေသခံရင်းမြစ်တစ်ခုက RFAသို့ပြောသည်။

ကျဲဂူဒိုစီရင်စုရှိ တိဗက်ရွှေ့ပြောင်းလူမျိုးများနေထိုင်ရာ ထရင်ဒူကောင်တီတွင် အာဏာပိုင်များက အသုံးပြုမှု ခွင့်ပြုချက်ကို ရုပ်သိမ်းကာမြေယာများကိုနိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူနေခြင်း၏ ရည်ရွယ်ချက်သည် တိဗက်ရွှေ့ပြောင်းများအား မြို့ထဲသို့ ပြောင်းနေရန် တွန်းအားပေးခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၅၀ က တရုတ်အစိုးရသည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် အခြေစိုက်သော ဒေသခံများအား ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ စားကျက်မြေများကိုအသုံးပြုခွင့်ပေးခဲ့သော်လည်း ယခုအခါ ခွင့်ပြုချက် သက်တမ်းကုန်ဆုံးသွားပြီဖြစ်သည်။

ရှင်ဟိုင်းပြည်နယ် ထရင်ဒူကောင်တီတွင် မြေလုပ်ပိုင်ခွင့်များကို လက်မှတ်မထိုးရန် ဒေသခံများအား အကြံပေးခဲ့သည့် တိဗက်လူထုခေါင်းဆောင်နှင့် တူတော်သူတစ်ဦးသည် ဩဂုတ်လအစောပိုင်းက အဖမ်းခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly