ထိုင်ဝမ်နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် ဥရောပသမဂ္ဂ ဆောင်ရွက်မည်

ထိုင်ဝမ်နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် ဥရောပသမဂ္ဂ ဆောင်ရွက်မည်

ဥရောပသမဂ္ဂ (အီးယူ) သည် ထိုင်ဝမ်နှင့် ဆက်ဆံရေး တိုးမြှင့်ရန်နှင့် တရုတ်၏ ရန်လိုမှုနှင့် ထိုင်ဝမ်၏ စိတ်တူကိုယ်တူမိတ်ဖက်များကို ခြိမ်းခြောက်ရန် ကြိုးပမ်းမှုများကို အဖွဲ့ဝင်နိုင်ငံများက ကိုင်တွယ် ဖြေရှင်းရမည်ဟု အောက်တိုဘာ ၁၉ရက်က ပြောကြားခဲ့သည်။

ထိုင်ဝမ်-အီးယူ ဆက်ဆံရေးကို အဓိကထား ဆွေးနွေးသည့် ဥရောပပါလီမန်မျက်နှာစုံညီအစည်းအဝေးတွင် ယှဉ်ပြိုင်မှုဆိုင်ရာအီးယူကော်မရှင်နာအကြီးအကဲ မာဂရက်ဟီး ဗတ်တာဂါ၏ ယခုမှတ်ချက်ကို Taipei Times က ဖော်ပြခဲ့သည်။

“ထိုင်ဝမ်နဲ့ ဆက်ဆံရေးတိုးမြှင့်နေချိန်မှာ တရုတ်ရဲ့ ရန်လိုမှုနဲ့ ထိုင်ဝမ်ရဲ့ စိတ်တူကိုယ်တူမိတ်ဖက်တွေကို ခြိမ်းခြောက်တဲ့ ကြိုးပမ်းမှုတွေကို အီးယူက ကိုင်တွယ်ဖြေရှင်းရပါမယ်” ဟု ဗတ်တာဂါက က မှတ်ချက်ပြု ပြောကြားခဲ့သည်။

ထိုင်ဝမ်အနောက်တောင်ဘက် ကမ်းလွန်တွင် တရုတ်စစ်လေယာဉ်များ ပျံသန်းမှုများ အပါအဝင် ထိုင်ဝမ် ရေလက်ကြား ၌ တရုတ်၏ စစ်အင်အားတိုးမြှင့်လာမှုကို ဗတ်တာဂါက ထောက်ပြခဲ့သည်။

“ ဒီအင်အားပြမှုက ဥရောပရဲ့ လုံခြုံရေးနဲ့ သာယာဝပြောရေးကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်” ဟု သူမက ပြောကြားခဲ့သလို ရေလက်ကြားတစ်လျှောက် တင်းမာမှုများကိုမြင့်တက်စေမည့် တစ်ဖက် သတ် လုပ်ဆောင်မှုများကို ရှောင်ကြဉ်ရန် ဥရောပသမဂ္ဂက တိုက်တွန်းလိုက်သည်ဟု သူမက ထည့်သွင်းပြောကြား ခဲ့သည်။

ဥရောပသည် တရုတ်နှင့် ပတ်သက်သော စိုးရိမ်မှုများကို ဆက်လက်ထုတ်ဖော်ပြောဆိုပြီး G7 ကဲ့သို့သော စိတ်တူသဘောတူ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဗတ်တာဂါက သူမ၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေးတိုးမြှင့်ခြင်းအပေါ် တရုတ်အစိုးရက ထပ်တလဲလဲ ကန့်ကွက်နေသော်လည်း ထိုင်ဝမ်က လက်ခံခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly