ပင်ပန်းနေသည့် တရုတ် ဝန်ထမ်းများက စာနာသက်ညှာရေးအတွက် လှုပ်ရှားမှုတစ်ခု စတင်

ပင်ပန်းနေသည့် တရုတ် ဝန်ထမ်းများက စာနာသက်ညှာရေးအတွက် လှုပ်ရှားမှုတစ်ခု စတင်

တရုတ်ပြည်တွင် အလွန်ပင်ပန်းသော အလုပ်ချိန်များကြောင့် ထိခိုက်နစ်နာနေသည့် တရုတ်ကုမ္ပဏီ ဝန်ထမ်းများက “အလုပ်သမားတွေရဲ့ အသက်တွေကလဲ အရေးကြီးပါတယ်” ဟူသည့် လှုပ်ရှားမှုတစ်ခုကို မကြာသေးမီက စတင်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုသည် တရုတ်ပြည်၏ '၉-၉-၆ အလုပ်ပုံစံ' ကို ဆန့်ကျင်သည်။

အဆိုပါ ပုံစံတွင် လူများသည် တစ်ပတ်လျှင် ၆ ရက် မနက် ၉ နာရီမှ ည ၉ နာရီအထိ အလုပ်လုပ်ရကြောင်း Taiwan News သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းလှုပ်ရှားမှုက အင်တာနက်ပေါ်၌ ဖြန့်ဝေထားသော မည်သူမဆိုဖြည့်နိုင်သည့်ဇယားတွင် ဝန်ထမ်းများအား ၎င်းတို့၏ အလုပ်အချိန်ဇယားများကို မျှဝေရန် တောင်းဆိုထားသည်။

ယင်းဇယားတွင် Tencent၊ Alibabaနှင့် ByteDanceအပါအဝင်နည်းပညာကုမ္ပဏီကြီးများတွင် အလုပ်လုပ်နေသော လူ ၄၀ဝဝ ကျော်ထံမှ အောက်တိုဘာ ၁၄ရက်အထိ စာရင်းများရှိသည်။

တစ်ချိန်တည်းမှာပင် တရုတ်သည် မကြာသေးမီနှစ်များအတွင်း ကြောက်ရွံ့ထိတ်လန့်ဖွယ် အလုပ်အချိန် ဇယားကို ဆန့်ကျင်သော ပြည်သူများ၏ ကြီးမားသောတုန့်ပြန်မှုကို တွေ့ကြုံနေရသည်ဟု Taiwan News သတင်းက ဖော်ပြခဲ့သည်။

အဆိုပါ ၉-၉-၆ အလုပ်ပုံစံကို တရုတ်ပြည်၏ ထိပ်တန်း နည်းပညာကုမ္ပဏီများ တည်ထောင်သူများဖြစ်သည့် ဂျက်မား အပါအဝင် တခြားသူများက လူသိရှင်ကြားချီးကျူးခဲ့ပြီး ၎င်းက တစ်ခါက "၉-၉-၆ ကို လုပ်နိုင်ခြင်းသည် ကြီးမြတ်သည့် ကောင်းကျိုးပင်ဖြစ်သည်" ဟု ဆိုကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

သို့သော် တရုတ်လူဦးရေ အထူးသဖြင့် လူငယ်များသည် ကျန်းမာသောဘဝနှင့် အလုပ်နှင့် ဘဝဟန်ချက်ညီ ရေးကို အလေးထားခြင်းကြောင့် “လဲလျောင်းပါ” “ခြေကုန်လက်ပန်းကျသည်” ဟူသော အသုံးအနှုန်းသည် ပင်ပန်းနွမ်းနယ်နေသော ဝန်ထမ်းများကြားတွင် အလုပ်ချိန်လျော့ချရေးအတွက် အသုံးပြုသော အသုံးအနှုန်းဖြစ်လာသည်ဟု Taiwan News သတင်း တွင်ဖော်ပြသည်။

ဝန်ထမ်းများထံမှ ပြင်းထန်သော အလေ့အကျင့်များနှင့် ညည်းညူမှုများအပေါ် ပြင်းထန်သော ဝေဖန်မှုများရှိ သော်လည်း ရင်းနှီးမြုပ်နှံသူများအပေါ် သက်ရောက်မှုအနည်းငယ်သာရှိသည်ဟု Nikkei Asia က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly