တရုတ် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများက မဟာဗျူဟာအားနည်းချက်ကို ဖော်ပြနေ

By Chicago Tribune
20 October 2021
တရုတ် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများက မဟာဗျူဟာအားနည်းချက်ကို ဖော်ပြနေ

တရုတ်တွင် ပေါင်မုန့်ကုမ္ပဏီတစ်ခုသည် ကိတ်မုန့်ဖုတ်ရန် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို အပြည့်အဝမရရှိပေ။ ကမ္ဘာ့အကြီးဆုံး သုတ်ဆေးထုတ်လုပ်သူအချို့အတွက် ဓာတုပစ္စည်းများပေးသွင်းသည့် လုပ်ငန်းတစ်ခုက ထုတ်လုပ်မှု လျော့ချခြင်းကို ကြေညာခဲ့သည်။

တရုတ်ဆိပ်ကမ်းမြို့တစ်မြို့တွင် တစ်ရက်တည်းတွင် ထုတ်လုပ်သူများအတွက် လျှပ်စစ်ဓာတ်အားခွဲတမ်း သတ်မှတ်ချက်ကို ၄ ကြိမ်ပြောင်းလဲခဲ့သည်။

တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် စက်ရုံများနှင့် စက်မှုလုပ်ငန်းများတွင် ပိုမိုဆိုးရွား နေပြီး စိတ်ချရသောကုန်ထုတ်လုပ်မှုအတွက် ကမ္ဘာမြို့တော်ဖြစ်သည့် တရုတ်နိုင်ငံ၏ အခြေအနေကို စမ်းသပ် နေသည်။

ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို တားဆီးရန် ယခင်က ကတိပြု ထားသော်လည်း ဓာတ်အားပြတ်တောက်မှုကြောင့် ကျောက်မီးသွေးမိုင်းများက ပိုထုတ်လုပ်ရန်နှင့် ဓာတ်အား ပိုမို ထုတ်လွှတ်ရန် အာဏာပိုင်များက အောက်တိုဘာ ၁၃ရက်က ကြေညာခဲ့သည်။

ခွင့်ပြုချက်မရဘဲ ပိတ်ထားသည့် ကျောက်မီးသွေးတွင်းများကို ပြန်ဖွင့်ရန် အမိန့်ပေးခဲ့သည်။ ပြန်လည် ပြင်ဆင်ရန် ပိတ်ထားသော ကျောက်မီးသွေးတွင်းများနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကိုလည်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများအတွက် အခွန်မက်လုံးများ ရေးဆွဲနေသည်။ ကျောက်မီးသွေး ကဏ္ဍအတွက် ချေးငွေများများပေးရန် တရုတ်ဘဏ်များအား စည်းကမ်းကြပ်မတ်ရေး အာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် တရုတ်၏ ဗျူဟာမြောက်အားနည်းချက်များထဲမှတစ်ခုဖြစ်သည်။

အဓိကအားဖြင့် ကျောက်မီးသွေးကို အလွန်အကျွံမှီခိုအားထားမှုကြောင့် တရုတ်သည် ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအများဆုံးနိုင်ငံဖြစ်နေသည်။

တရုတ်အရာရှိများက ကျောက်မီးသွေးလောင်စာသုံးဓာတ်အားကို နေရောင်ခြည်စွမ်းအင်ဖြင့် အစားထိုးရန် မျှော်လင့်နေသော်လည်း တရုတ်၏ ဆိုလာပြားထုတ်လုပ်ရေးလုပ်ငန်းစဉ်များသည် လျှပ်စစ်စွမ်းအင် အများအပြားလိုအပ်ပြီး အများစုက ကျောက်မီးသွေးမှ ရရှိခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly