အဝေးပြေးကားဂိတ်များမှ စစ်ဖြစ်ပွားရာနေရာများသို့ ဆေးဝါးတင်ခွင့်တားမြစ်

အဝေးပြေးကားဂိတ်များမှ စစ်ဖြစ်ပွားရာနေရာများသို့ ဆေးဝါးတင်ခွင့်တားမြစ်

အောက်တိုဘာ - ၁၈

ရန်ကုန်အဝေးပြေးကားဂိတ်များမှတစ်ဆင့် အနယ်နယ်အရပ်ရပ်သို့ ကုန်ပစ္စည်း များတင်ပို့မှုကို တင်းကြပ်စိစစ်နေပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေး တိုင်းများသို့ ဆေးဝါးများပို့ဆောင်ခွင့်တားမြစ်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အောင်မင်္ဂလာအဝေးပြေးကားဂိတ်၊ ဒဂုံဧရာ အဝေးပြေးကားဂိတ်များအတွင်းမှ အနယ်နယ်အရပ်ရပ်သို့ ပါဆယ်ပစ္စည်းများ ပို့ဆောင်ရာတွင် ဖွင့်ဖောက်စစ်ဆေးမှုများရှိနေပြီး စစ်မက်ဖြစ်ပွားရာ အနောက် မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေနှင့် အနီးတဝိုက်ဖြစ်သော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းများကို ပစ္စည်းများပို့ဆောင်ရာတွင် ဆေးဝါးများ ပါရှိပါက ဂိတ်မှလက်မခံဘဲနေသည်။

''ပစ္စည်းသွားပို့တာ ဖောက်စစ်မယ်နော်တဲ့ ၊ စစ်ပေါ့စစ်မယ်မှန်းသိလို့ ပါကင် တောင်ပိတ်မလာခဲ့ဘူး၊ပြီးတော့ လမ်းမှာလည်း လေးဂိတ်လောက် ဖောက်စစ် လိမ့်မယ်တဲ့။ဆေးဝါးပစ္စည်းတွေဆိုရင်တော့ရောက်ဖို့ ကျွန်မတို့ တာဝန်မယူဘူး လမ်းမှာစစ်ဆေး ရေးဂိတ်တွေကဆေးဝါးတွေဆိုရင် လက်မခံဘူးလို့ ကားဂိတ် ကောင်တာကပြောလိုက်တယ်'ဟု အဝေးပြေးဂိတ်တွင် ပစ္စည်းပို့ပြန်လာသူ တစ်ဦးကဆိုသည်။

မင်းတပ်ဒေသခံတစ်ဦးကတော့ " ကျွန်တော်ကမင်းတပ်ကို ဆေးပို့ချင်တာ ပို့ မရဘူးတဲ့၊ အရင်ကဆိုရင် ပခုက္ကူကားဂိတ်ကနေတဆင့် မင်းတပ်ဂိတ်တွေကနေ ပို့ရတယ်။အခုတော့ ပေါက်မြို့နယ်အထွက် သရက်တောဂိတ်က အရမ်းစစ်ဆေး တာ။အိတ်တွေအားလုံးဖောက်စစ်သလို၊ဆေးဆိုတာနဲ့ နည်းနည်းများများ လက်မခံဘူး၊ သူတို့တွေက CDF,PDFတွေကို ထောက်ပံ့မှာကြောက်ကြတယ် ထင်တယ်။ဆေးတွေပါတာနဲ့အားလုံးသိမ်းပစ်တယ်''ဟု ပြောသည်။

လက်ရှိ ချင်းပြည်နယ်အတွက်ဆေးဝါးများသယ်ဆောင်ပါက ဆေးရောင်းချသည့် ဆေးဆိုင်လိုင်စင်၊အုပ်ချုပ်ရေးထောက်ခံစာနှင့် စကစထောက်ခံချက်များ ပါရှိမှဆေးဝါးများသယ်ဆောင်ခွင့်ရှိသည်ဟုသိရသည်။

ယခင်ကလည်း စစ်မက်ဖြစ်ပွားရာဒေသများတွင် ပြည်သူအများ ဝင်ရောက်ခြင်း မပြုမီ စစ်တပ်ဂိတ်များတွင် ဆေးယူဆောင်ခွင့် မရစေရန် ရှာဖွေသိမ်းဆည်း လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly