ပုသိမ်၊ အမှတ် (၄) ရပ်ကွက်ရှိ မိုင်တဲ တာဝါတိုင်ကို ဧရိယာ ၁၄ အဖွဲ့ မိုင်းခွဲ

ပုသိမ်၊ အမှတ် (၄) ရပ်ကွက်ရှိ မိုင်တဲ တာဝါတိုင်ကို ဧရိယာ ၁၄ အဖွဲ့ မိုင်းခွဲ

အောက်တိုဘာ ၁၉

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၊ အမှတ် (၄ )ရပ်ကွက် ၊ အ ထ က( ၆ )ကျောင်း အနောက်ဘက်ရှိ စစ်အုပ်စုပိုင် မိုင်တဲ တာဝါတိုင်ကို ယနေ့ အောက်တိုဘာ ၁၉ ရက် မနက် ၆ နာရီကျော်တွင် မိုင်းခွဲ ဖျက်ဆီးခဲ့သည်ဟု ဧရိယာ ၁၄ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

" စစ်အုပ်စုကို အထောက်အပံ့ ပေးနေတဲ့ အရာတွေအားလုံးကို တိုက်ခိုက် ဖျက်ဆီးသွားမှာပါ။ ပြည်သူတွေ အနေနဲ့လည်း စစ်အုပ်စုကို အထောက်အပံ့ဖြစ်စေတဲ့ မီတာဆောင်တာတွေ၊ အခွန်ဖြစ်စေတဲ့ အရာတွေကို မလုပ်ကြဖို့ တောင်းဆိုပါတယ်"ဟု ၎င်းက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် တာဝါတိုင် အောက်ခြေတွင် ရှိသော စက်များနှင့် ဝါယာကြိုးများ အားလုံး ပျက်စီး သွားခဲ့သည်ဟု ၎င်းက ဆိုသည်။

ပေါက်ကွဲမှုအပြီးတွင် အဆိုပါ တာဝါတိုင်အနီးသို့ စစ်အုပ်စုနှင့် ရဲများ လာရောက် စစ်ဆေးမှုများ ပြုလုပ်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly