ရခိုင်နှင့် မကွေးကြား စစ်ဆေးမှု တင်းကြပ်

By သတင်းနှင့် မီဒီယာ ကွန်ရက်
18 October 2021
ရခိုင်နှင့် မကွေးကြား စစ်ဆေးမှု တင်းကြပ်

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်။

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအကြားတွင် စစ်ဆေးမှုများ တင်းကြပ် လျှက်ရှိပြီး ကုန်စည် တင်ပို့ရာတွင်လည်း ခြောက်ဘီးကားများသာ သွားလာခွင့်ရ၍ ဆယ်ဘီးနှင့် ဆယ့်နှစ်ဘီး ယာဉ်များ သွားလာခွင့် မရရှိဟု ယာဉ်မောင်းများက ပြောသည်။

ရခိုင်ပြည်နယ်သို့ မကွေးတိုင်းဒေသကြီးမှ ကူးသန်းသွားလာရာတွင် မှတ်ပုံတင်မူရင်း၊ ကျေးရွာ၊ ရပ်ကွက်များက ထောက်ခံစာ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပြည့်စုံမှသာ သွားလာခွင့်ရသည်ဟု ယာဉ်မောင်းတစ်ဦး က ပြောသည်။

အမ်းမြို့က အသက်(၄၅)ခန့်ရှိ ခရီးသည် တစ်ဦးက "အထောက်အထား ပြည့်စုံတဲ့ ကုန်ကားတွေက မိုးကာလှန် ပြ ရတယ်။ လူစီးကားတွေကတော့ ခရီးသည် တစ်ဦး ချင်း စစ်ဆေးပြီး ပါတဲ့ ခရီးဆောင် အိပ်တွေပါ စစ်ဆေးကြ တယ်" ဟု ပြောသည်။

မကွေး ဧရာဝတီ အရှေ့၊ အနောက်ထိပ်တို့တွင် စစ်ဆေးခြင်း၊ ငဖဲမြို့နယ် ဂုတ်ကြီးဘက်သို့ စတင်တက်မည် နေရာ တွင် စစ်ဆေးခြင်း၊ ရခိုင်ပြည်နယ် ကန်မြင့်ကန်စခန်းနှင့် အမ်းမြို့အဝင်တို့တွင် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း တပ် ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ မူးယစ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး စသည် အဖွဲ့များက စစ်ဆေးနေမှုများ ပြုလုပ်နေ သည်ဟု ခရီးသည်များနှင့် ယာဉ်မောင်းများက ပြောသည်။

ယခင်က မကွေးမှ ရခိုင်ပြည်နယ် အမ်းမြို့အထိ မိုးမရွာ၊ တောင်မပြိုလျှင် ခြောက်နာရီခွဲခန့်သာ မောင်းရပြီး ယခု စစ်ဆေးရေးဂိတ်များလာပြီး တင်ကြပ်နေသဖြင့် နံနက်ပိုင်းတွင် ကားစထွက်ရာ ညနေမှသာ ရောက်သည်ဟု ယာဉ်မောင်းတစ်ဦး က ပြောသည်။

ရခိုင်ပြည်နယ်သို့ မကွေးတိုင်းအတွင်းမှ ကြက်သွန်နီ၊ ငရုပ်သီးစိမ်းနှင့် စားသောက်ကုန်များကို ပို့ပေးရပြီး ရခိုင် ပြည်နယ်မှ ဆန်၊ ဖွဲနု၊ ပင်လယ်စာနှင့် ငါးခြောက်များ ပြန်တင်၍ မန္တလေးတိုင်းဒေသကြီး အထိ တင်ပို့ရသည်ဟု ကုန်တင်ယာဉ်မောင်းများက ပြောသည်။

အသက် ၃၀ ကျော် ကုန်တင်ကားမောင်းသူ တစ်ဦးက "ဒီလို မိုးတွင်းကာလမှာ ခြောက်ဘီးကားတွေဘဲ တက်ခွင့် ရသေးတယ်။ ဆယ်ဘီး ဆယ်နှစ်ဘီးကားတွေက ပွင့် လင်းရာသီရောက်မှ တက်ခွင့်ရတာ။ အခုကာလမှာ အစစ် အဆေးကလည်း အရမ်းတင်းကြပ်တယ်။ စားသုံးဆီ များများသယ်ခွင့်တို့ ဟင်းချို့မှုန့်တို့ သယ်လို့မရဘူး။ အပြန်ကုန်မရလို့ ခါလီပြန်ရတွေလည်းရှိတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ် အမ်းမြို့အဝင် ကြိုးတံတားကို ဖြတ်သန်းရန် ကုန်အလေးချိန် သတ်မှတ်ချက်ရှိသဖြင့် ကုန်စည်များ ကို ထော်လာဂျီများ၊ ကားအငယ်များဖြင့် တစ်စီးမှ တစ်စီး တဆင့် ကဲ့၍သယ်ရခြင်း၊ ကုန်တင်ကုန်ချ လုပ်သား အခက်အခဲဖြစ်ခြင်းတို့ကြောင့် သုံးရက်အထိ ကြာပြီး မိုးရွာသွန်းမှုများ၍ တောင်ကမ်းပါးယံများ ပြိုကျမှုများ ဖြစ် နေပါက ရက်ပို၍ ရှည်ကြာသည်ဟု ဆိုကြသည်။

လမ်းပန်းဆက်သွယ်ရေး အနေဖြင့်လည်း မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်အထိ လမ်းကောင်းမွန်သော် လည်း ရခိုင်ပြည်နယ်ထဲသို့ ဝင်ရောက်သည့် လမ်းမကြီးက ကျဉ်းမြှောင်းခြင်း လမ်းပိုင်းများ ပျက်စီးနေခြင်း ကြောင့် ခရီးလမ်း ပိုမိုကြန့်ကြာမှုများ ရှိနေသည်ဟု ယာဉ်မောင်းများ က ပြောသည်။

ထိုသို့ စစ်ဆေးမှုများ တင်းကြပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် ခရီးသွား ပြည်သူများ အခက်အခဲဖြစ်နေသည်ဟု ယာဉ်မောင်းများနှင့် ခရီးသည်များက ပြောသည်။

အထူးသဖြင့် မိုးရွာသွန်းမှုများသည့် အခါ တောင်ကမ်းပါးယံများ ပြိုကျမှုများဖြစ်သဖြင့် ဆီသယ် ဘောက်ဆာ ယာဉ်အချို့ လမ်းချော်ပြုတ်ကျခြင်း၊ ခရီးသည်ယာဉ်အချို့ တောင်ကမ်းပါးယံများကို ဝင်တိုက် ပျက်စီးခြင်း များ ရှိနေသည်ဟု ယာဉ်မောင်းများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required