တရုတ်နိုင်ငံမြို့ပြနေ လူငယ်အမျိုးသမီးထက်ဝက်နီးပါး အိမ်ထောင်ပြုရန် အစီအစဉ်မရှိ

တရုတ်နိုင်ငံမြို့ပြနေ လူငယ်အမျိုးသမီးထက်ဝက်နီးပါး အိမ်ထောင်ပြုရန် အစီအစဉ်မရှိ

ငယ်ရွယ်သည့်မြို့ပြနေတရုတ်အမျိုးသမီးတစ်ယောက် အနေဖြင့် လက်ထပ်ရန်အစီအစဉ်မရှိခြင်းသည ်၅၀ရာခိုင်နှုန်းနီးပါးဖြစ်ပေလိမ့်မည်။

တရုတ်ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်မှလုပ်ဆောင်သောတရုတ်လူငယ်မြို့ပြလူဦးရေစစ်တမ်းအသစ်တစ်ခု အား တရုတ်နိုင်ငံမြို့ကြီးများရှိအသက်၁၈နှစ်မှ၂၆နှစ်အကြားအိမ်ထောင်မရှိသောလူငယ်၂၉၀၅ဦးတို့အား ကောက်ယူခဲ့ရာတွင် စစ်တမ်းဖြေဆိုသူအမျိုးသမီးများအနက်၄၄ ရာခိုင်နှုန်း သည်လက်ထပ်ရန်မရည်ရွယ်ထားကြဘဲအမျိုးသား၂၅ရာခိုင်နှုန်းကလည်းအလားတူအဖြေမျိုးတုံ့ပြန်ခဲ့ကြသည်။

ဤတရုတ်Gen Zများ အိမ်ထောင်မပြုချင်ရခြင်းအကြောင်းနှင့် စပ်လျဉ်း၍ စစ်တမ်းဖြေဆိုသူ၃၄ဒသမ၅ရာခိုင်နှုန်းက "အိမ်ထောင်ပြုရန်အချိန်နှင့်စွမ်းအားမရှိ" ဟုဖြေဆိုခဲ့ပြီး ၆၀ဒသမ၈ရာခိုင်နှုန်းက “သင့်တော်မှန်ကန်သည့်သူကို ရှာရန်ခက်ခဲသည်” ဟုဆိုသည်။

စစ်တမ်းဖြေဆိုသူများသည်အိမ်ထောင်ပြုခြင်းအတွက်ငွေကြေးကုန်ကျစရိတ်များနှင့်ကလေးရလာခြင်းကြောင့်စီးပွားရေးဝန်ထုပ်ဝန်ပိုးဖြစ်ခြင်းအပါအဝင်အိမ်ထောင်မပြုရခြင်း၏အခြားအကြောင်းရင်းများစွာကိုထုတ်ဖော်ပြောခဲ့သည်။ဖြေဆိုသူ၃ပုံ၁ပုံကအိမ်ထောင်ရေးကိုအယုံအကြည်မရှိဟုဆိုခဲ့ကြသလို အလားတူရာခိုင်နှုန်းကတစ်ခါမျှမချစ်ခဲ့ဘူးဟုဆိုသည်။

တရုတ်နိုင်ငံသည် ယခုနှစ်မေလတွင် ကလေး၃ဦးမူဝါဒအသစ်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပြီး ဇနီးမောင်နှံတစ်တွဲလျှင်ကလေး၂ယောက်အထက်ယူခြင်းအား တားမြစ်ချက်ကို ဖြေလျှော့ပေးခဲ့သည်။

တရုတ်သည်၁၉၅၀ခုနှစ်များမှစ၍ ၎င်း၏အနှေးဆုံးလူဦးရေတိုးနှုန်းကို မှတ်တမ်းတင်ထားသော အစီရင်ခံစာများ ထွက်ပြီးနောက် ယခုနှစ်တရုတ်လူဦးရေမူဝါဒတွင် သိသာသည့် အပြောင်းအလဲ ပေါ်ထွက်လာခဲ့သည်။

တရုတ်လူဦးရေ၏ ပျမ်းမျှနှစ်စဉ်တိုးနှုန်းသည်၂၀၀၀နှင့်၂၀၁၀ခုနှစ်အကြားတွင်၀ဒသမ၅၇ရာခိုင်နှုန်းရှိခဲ့ရာမှ လွန်ခဲ့သော၁၀နှစ်အတွင်း ၀ဒသမ၅၃ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း ၁၀နှစ်တစ်ကြိမ်လုပ်ဆောင်သည့် သန်းခေါင်စာရင်းကိန်းဂဏန်းများအရ သိရသည်။

သို့သော် တရုတ်ထောင်စုနှစ်ပြည့်ကာလ မျိုးဆက်များက ကလေး၃ဦးမူဝါဒသည် ရည်ရွယ်ချက်များ ထိရောက်ဖွယ်မရှိကြောင်းပြောသည်။၎င်းတို့ကကလေးပြုစုပျိုးထောင်စရိတ်မြင့်မားခြင်းနှင့်"၉-၉-၆" လူနေမှုဘဝများ (နံနက်၉နာရီမှည၉နာရီအထိတစ်ရက်လျှင်၁၂နာရီနှင့်၁ပတ်လျှင်၆ရက်အလုပ်လုပ်ရသူများ) သည် ကိုယ်ပိုင်မိသားစုဘဝများစတင်ရန် အဟန့်အတားဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ စုစုပေါင်းလူဦးရေသည်၁ ဒသမ ၄၁ဘီလျံသာ ရှိနေသေးပြီး ၂၀၂၀တွင်လူဦးရေ၁ဒသမ၄၂ဘီလီယံအထိရောက်ရန်၂၀၁၆က ချမှတ်ခဲ့သောရည်မှန်းချက်ကို လွဲချော်စေခဲ့သည်ဟ ုReuters ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly