ရှန်စီပြည်နယ် ရေလွှမ်းမိုးမှုကြောင့် ရှေးဟောင်းအမွေအနှစ်ရာပေါင်းများစွာ ပျက်စီး

By Sixth Tone
17 October 2021
ရှန်စီပြည်နယ် ရေလွှမ်းမိုးမှုကြောင့် ရှေးဟောင်းအမွေအနှစ်ရာပေါင်းများစွာ ပျက်စီး

တရုတ်ပြည်၊ ရှန်စီပြည်နယ်မြောက်ပိုင်းတွင် လွန်ခဲ့သော သီတင်းပတ်များက ဆိုးရွားသောရေကြီးမှုများကြောင့် UNESCO ကမ္ဘာအမွေအနှစ်ထိန်းသိမ်းထားသည့် ထင်ရှားသော နေရာတစ်ခု အပါအဝင် ယဉ်ကျေးမှု အမွေအနှစ်ရာပေါင်းများစွာတွင် ပျက်စီးမှုအချို့ရှိခဲ့သည်။

ပြည်နယ်အတွင်းရှိ မရွှေ့ပြောင်းနိုင်သော ယဉ်ကျေးမှုအမွေအနှစ်စုစုပေါင်း ၁,၇၆၃ ခုသည် အက်ကွဲပျက်စီးခြင်း နံရံများပြိုကျခြင်း၊ ခေါင်မိုးများယိုစိမ့်မှုနှင့် အခြားအဆောက်အအုံဆိုင်ရာ ပျက်စီးမှုများအပါအဝင် အမျိုးမျိုးသော ပျက်စီးမှုများကို ကြုံတွေ့ခဲ့ရသည်ဟု ယဉ်ကျေးမှုအမွေအနှစ် အမျိုးသားစီမံခန့်ခွဲရေးအဖွဲ့ကို ကိုးကား၍ ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

ရှန်ရှီပြည်နယ်သည် တရုတ်ပြည်၏ အပြောင်မြောက်ဆုံးဖြစ်ပြီး မရွှေ့ပြောင်းနိုင်သော ယဉ်ကျေးမှုအမွေအနှစ် ၅၃,၈၇၅ ရှိသည်။

တရုတ်ပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၌ လွန်ခဲ့သောသီတင်းပတ်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာတွင် အောက်တိုဘာ ၁၂ရက်အထိ အနည်းဆုံးလူ ၁၅ ဦး သေဆုံးခဲ့သည်ဟု ပြည်နယ်အာဏာပိုင်များကပြောကြားခဲ့သည်။

အောက်တိုဘာ ၂ ရက်က စတင်၍ မိုးပြင်းထန်းစွာရွာသွန်းမှုကြောင့် ဒေသခံ ၁၂၀ဝဝဝ ကျော်ကို ဘေးကင်းရာ သို့ ရွှေ့ပြောင်းခဲ့ပြီး မြို့ ၁၁ မြို့နှင့် ခရိုင် ၇၆ ခုတွင် ခန့်မှန်းခြေလူ ၁ ဒသမ ၇၅ သန်းကို ထိခိုက်ခဲ့သည်။

ရာသီဥတုပြောင်းလဲခြင်းနှင့် ဆိုးရွားသော ရာသီဥတုတို့၏ အကျိုးဆက်များသည် တစ်ကမ္ဘာလုံးတွင် သိသာ ထင်ရှားလာသည်နှင့် အမျှတ ရုတ်သည် နှစ်ပေါင်းများစွာ စံချိန်တင်မိုးရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုများ ကြုံတွေ့ ခဲ့ရသဖြင့် လူထိခိုက်သေဆုံးမှုနှင့် စီးပွားရေးဆုံးရှုံးမှုများအပြင် တရုတ်သမိုင်း၏ အရေးပါသော အမွေအနှစ်နေရာများကိုလည်း ထိခိုက်စေသည်။

ရှန်စီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းမြို့ ပင်းရောက်ရှိ နံရံတစ်ခု၏ ၂၅ မီတာအပိုင်းတစ်ပိုင်း ပြိုကျခဲ့ရသည်။ နိုင်ငံအတွင်းယဉ်ကျေးမှုအမွေအနှစ်များ ဒုတိယအများဆုံးရှိသော ဟိုင်နန်ပြည်နယ်ရှိ သမိုင်းဝင်နေရာအချို့သည် ဇူလိုင်လရေကြီးမှုကြောင့် ထိခိုက်မှုများရှိခဲ့ပြီး ပြင်းထန်သောရာသီဥတုဖြစ်စဉ်များ၏ ခြိမ်းခြောက်မှုခံနေရည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly