စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်ထောင်သည့် မိုင်းကြောင့် အနည်းဆုံး ၅ ဦးသေ

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်ထောင်သည့် မိုင်းကြောင့် အနည်းဆုံး ၅ ဦးသေ

ချင်းပြည်နယ်၊ အောက်တိုဘာ -၁၇

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ် များ ထောင်ထားခဲ့သည့်မိုင်းနင်းမိ၍ သေဆုံးသူ အရပ်သားအရေအတွက်မှာ အနည်းဆုံး ငါးဦးရှိနေပြီဖြစ်သည်ကို မဇ္ဈိမက စုဆောင်းရရှိထားသောစာရင်းများအရသိရသည်။

မိုင်းထိခံရသူအများစုမှာ မင်းတပ်နယ်မှဖြစ်ကာ မင်းတပ်နယ်ဒေသခံသုံးဦး၊ ကန်ပက်လက်နယ်မှတစ်ဦးနှင့်မတူပီမှ တစ်ဦးတို့ပါဝင်သည်။

မေလကုန်ခန့်တွင် မင်းတပ်နှင့် ၁၀ မိုင်ကျော် ကွာဝေးသည့် ပူကွန်းကျေးရွာ၌ မိုင်းပေါက်ကွဲပြီး ဒေသခံနှစ်ဦး သေဆုံးခဲ့သည်။

ဇွန် -၂၄ ရက်နေ့တွင်မင်းတပ်မြို့၊ ယှက်ရွာအနီးတွင် ညနေပိုင်း ရွာအပြင် တောင်ယာခင်းသို့အသွား အသက် ၁၃နှစ်အရွယ်ကလေးငယ်တစ်ဦးမိုင်းထိပြီးလက်တစ်ဖက်ပြတ်၊ခြေထောက်၊ ခါးအောက်ပိုင်းထိခိုက် ဒဏ်ရာဖြင့် သေဆုံးသွားသည်။

ဩဂုတ်လ ၂၃ရက်၊နေ့လည် ၁၂ နာရီတွင် မြန်မာ့စီးပွားရေးဘဏ်မှပင်စင်လစာ ထုတ်ပြီးပြန်လာသည့် အငြိမ်းစားရဲဝန်ထမ်းဟောင်းဦးလိန်းရွှီ သည် ကန်ပက်လက်ရှိ ၎င်း၏ခြံဝန်းအတွင်းမိုင်းနင်းမိပြီး ခြေတောက် ဖြတ်တောက်လိုက်ပြီး ပခုက္ကူဆေးရုံကိုပို့ဆောင်လိုက်ပြီးနောက်နေ့မနက် ၂နာရီ၃၀မိနစ်အချိန်တွင်သေဆုံးခဲ့သည်။

အောက်တိုဘာလ ၁၆ရက်နေ့တွင် မတူပီမြို့နယ် လောင်ဗန်းရပ်ကွက်နေသူတစ်ဦးသည် ၎င်း၏ဝါဥခြံသို့အသွားလည်မြိုချောင်းအနီးတွင်မိုးနင်းမိ၍သေဆုံးခဲ့သည်။

မှတ်တမ်းများအရ စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိ၍သေဆုံးသူအများစုသည် စစ်တပ်ရှိသည့်နေရာများ ကိုသွားရောက်ခြင်း မျိုးမဟုတ်ပဲ မိမိပိုင်ဥယျာဉ်ခြံနှင့်တောင်ယာများသွားသည့် လူသွားလမ်းများ တွင်မိုင်းနင်းမိ၍သေဆုံးခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly