စစ်ကောင်စီက နာမည်ကျော် ဆင်ဖြူချပ် ပရဟိတနှင့်ဘကကျောင်းဆရာတော် ကို ဖိအားပေး ကျောင်းကိုစွန့်ခွာခိုင်း

စစ်ကောင်စီက နာမည်ကျော် ဆင်ဖြူချပ် ပရဟိတနှင့်ဘကကျောင်းဆရာတော် ကို ဖိအားပေး ကျောင်းကိုစွန့်ခွာခိုင်း

အောက်တိုဘာ ၁၆

စစ်ကောင်စီတပ်က ဖိအားပေးခံခဲ့ရပြီးနောက် မန္တလေးတိုင်းဒေသကြီးအတွင်း ဒုတိယအကြီးဆုံး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖြစ်သည့် ကျောက်ဆည် မြို့က ဆင်ဖြူချပ်ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော်မှာ ကျောင်းကိုစွန့်ခွာခဲ့ရသည်။

ဆင်ဖြူချပ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဆရာတော်အရှင်စိန္တာဝရ ဦးစီးပြီး ရဟန်းသံဃာနှင့် ကျောင်း သားကျောင်းသူ ၁,၀၀၀ ကျော်အထိရှိကာ မန္တလေးမြို့က ဖောင်တော်ဦး ဘုန်းတော် ကြီး သင်ပညာရေးကျောင်းပြီးလျှင် ဒုတိယအကြီးဆုံး ဘကကျောင်း ဖြစ်သည်။

“ ကျောင်းမှာက အများစုက ခိုကိုးရာမဲ့ကလေးတွေရှိတာပါ၊ ဒါတွေကိုခေါ်ယူ စောင့်ရှောက်ပညာသင်ကြားပေးနေတဲ့ တကယ့်စာသင်ကျောင်းတိုက်ကြီးပါ၊ ဟိုတလောကကျောင်းတိုက်ဝင်စီးခံရတယ်၊ အခု သံဃာ့နာယကအဖွဲ့ကို ကျောင်းအပ်လိုက်ရပြီ၊ ဆရာတော်ကိုယ်တိုင်အပ်လိုက်တာလို့သိရတယ်၊ ဖိအားပေးပြီးကျောင်းအပ်ခိုင်းတာပေါ့ဗျာ” ဟု ကျောင်းနှင့်နီးစပ်သည့် လုံခြုံရေးအရ အမည်မဖော်ပြလိုသူကျောက်ဆည်ဒေသခံတစ် ဦးကပြောသည်။

ကျောက်ဆည်မြို့ မြင်စိုင်းအနောက်ရပ် ဆင်ဖြူချပ်ကျောင်း ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးနှင့်ပညာသင်ကြားရေး၊ ပရဟိတနှင့်ဘုန်းတော်ကြီး သင်ပညာရေးကျောင်းသည် ရွှေသာလျောင်းတောင်တောင်ဘက်တွင် တည်ရှိသည်။

“ဆရာတော်လည်းကျောင်းကနေအပြီးထွက်ပေးလိုက်ရတယ်၊ ကျောင်းတိုက် ကြီးတစ်ခုလုံးကိုလည်း သံဃာ့နာယကလက်ထဲ ထိုးအပ်လိုက် ရတယ်၊ မိဘမဲ့ကလေးတွေကိုတော့ ဆရာတော်ကဆက်လက်စောင့်ရှောက်ပေးသွားဖို့ ရှိတယ်လို့ကြားတယ်၊ ဒါပေမယ့်လည်းကလေးတွေရဲ့ ပညာရေးအတွက်တော့ အခက်အခဲဖြစ်ရပြီပေါ့ဗျာ။ အပြစ်မရှိသူတွေပဲခံနေရတာပါ” ဟု ဒေသခံ တစ်ဦးကဆိုသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၄ ရက်နေ့က သံသယရှိသည်ဟုဆိုကာ ကျောင်း တိုက်အား စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ကဝင်ရောက်စီးနင်းပြီး၊ ကျောင်း အဆောင်အခန်းများအား အတင်းအဓမ္မဝင်ရောက်စစ်ဆေးခဲ့သည်။ ထို့နောက် လက်လုပ်ဗုံးခြောက် လုံးနှင့်သေနတ်တစ်လက်တွေ့သည်ဆိုသည့် အကြောင်းပြ ချက်ဖြင့် ကျောင်းနေရဟန်းရှင်လူ များအားနှင်ထုတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required