ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟု တရားစွဲဆိုခံထားရသူ ၅၅ ဦး လွတ် မြောက်လာ

ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟု တရားစွဲဆိုခံထားရသူ ၅၅ ဦး လွတ် မြောက်လာ

အောက်တိုဘာ ၁၆

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု တရားစွဲ ခံထားရသူ ၅၅ ဦးကို စစ်ကောင်စီက အမှုရုပ်သိမ်းပေးလိုက်၍ ယနေ့ အကျဉ်း ထောင်နှင့် အချုပ်များမှ လွတ်မြောက်လာကြသည်။

သံတွဲအကျဉ်းထောင်မှ သုံးဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၃၇ ဦးနှင့် စစ်တွေ အကျဉ်းထောင်မှ ခုနှစ်ဦး ၊ မြောက်ဦးအချုပ်မှ ရှစ်ဦးဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခြင်း ခြောက်နှစ်မြောက်နှစ်ပတ်လည်ဖြစ်သည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် စစ်ကောင်စီက ငြိမ်းချမ်းရေးကို ရှေးရှုကာ တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ အဖွဲ့ဝင်များနှင့်ဆက်စပ်ပါဝင်သူ ၁၁၄ ဦးတို့အား အမှုပိတ်သိမ်းပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ယခုလွတ်မြောက်လာသည့်အထဲတွင် AA ကိုထောက်ပံ့ကြေးပေးသည်ဆိုသော စွပ်စွဲချက်ဖြင့် အဖမ်းခံခဲ့ရသူ ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာမှ ကိုစိုးမောင် လည်းပါဝင်သည်။

“အခုလိုလွတ်မြောက်လာတဲ့အတွက်ဝမ်းသာပါတယ်။ မိသားစုကို ကျွန်တော့်ကို တစ်ယောက်လည်း လုပ်ကျွေးရတာ၊ ဖမ်းဆီးခံထားရတဲ့အချိန်မှာ မိသားစု တွေစားဝတ်နေရေးအခက်အခဲကြုံခဲ့ရတယ်။ အခုလွတ်မြောက်လာတော့ ပြန်လုပ်ကျွေးရတော့မယ်ဆိုတော့ ပျော်ပါတယ်။” ဟု ကိုစိုးမောင်ကပြော သည်။

မလွတ်ဘဲကျန်ရှိနေတဲ့သူတွေကိုလည်း ပြန်လွှတ်ပေးသင့်သည်ဟု ပရဟိတ လုပ်ဆောင်နေသူ စာရေးဆရာဦးဝေဟင်အောင်ကပြောသည်။

“လွှတ်မြောက်လာတာတော့ မင်္ဂလာတစ်ပါးပေါ့၊ အသီးသီးလွှတ်မြောက်ဖို့ မျှော်လင့်တယ်။ ဒီလူတွေကိုလွတ်သင့်တာကြာပြီ။ AA ကို မတ်လက အကြမ်းဖက်အဖွဲ့ကနေပယ်ဖျက်လိုက်တော့ AA နဲ့ဆက်စပ်တဲ့သူတွေကို လွတ်သင့်တဲ့အချိန်ထက်ကျော်နေပြီ။ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုကော် မတီသော်လည်းကောင်း၊ ပြည်ထဲရေးဌာနသော်လည်းကောင်း မလွတ် မြောက်ဘဲကျန်ရှိနေတဲ့သူတွေကို သေချာစီစစ်ပြီးလုပ်ပေးဖို့လုပ်အပ်တယ်။” ဟုသူကပြောသည်။

AA အဖွဲ့ဝင်နှင့်ဆက်စပ်သူ ၆၁ ဦးလွှတ်ပေးမည်ဟု စစ်ကောင်စီက ပြောကြား သော်လည်း ပရဟိတအဖွ့ဲတွင် စာရင်းရှိသည်က ၅၅ ဦးသာဖြစ်နေသေးပြီး ကျန်ခြောက်ဦးကိုစုံစမ်းဆဲဖြစ်သည်။

စစ်ကောင်စီတပ်နှင့် AA တို့တိုက်ပွဲနှစ်နှစ်တာဖြစ်ပွားခဲ့သည့် ကာလအတွင်း ရခိုင်ပြည်နယ်အတွင်း AA နှင့် ဆက်စပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး တရားစွဲခံရသူ ၂၀၀ ကျော်အထိရှိခဲ့သည်။

စစ်ကောင်စီက အမှုပိတ်သိမ်းပေးသူများစာရင်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ၂၃ဦး၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA(PC))မှ တစ်ဦး၊ မြန်မာအမျိုးသား ဒီမိုကရစ်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ တစ်ဦး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)မှ ငါးဦးနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)မှ ၁၁ ဦးပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly