CDF ထိန်းချုပ်ထားတဲ့ မင်းတပ်နယ်တွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဘာတွေစီမံဆောင်ရွက်နေလဲ (အင်တာဗျူး)

CDF ထိန်းချုပ်ထားတဲ့ မင်းတပ်နယ်တွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဘာတွေစီမံဆောင်ရွက်နေလဲ (အင်တာဗျူး)

အောက်တိုဘာလ ၁၅ ရက်

" စစ်ဖြစ်နေတဲ့ကြားမှာ ပြည်သူတွေအနေနဲ့ လူမှုရေးပြဿနာနဲ့ စားဝတ်နေရေးတွေကလည်း ရှိနေတယ်။ ဒါကို စကစ က တာဝန်မယူနိုင်ဘူး၊ ဂရုလည်း မစိုက်ဘူး၊ သူတို့ကတော့ လူတွေဒုက္ခရောက်လေ ကောင်းလေကို။ အဲ့တာကြောင့် ပြည်သူတွေကို စုစည်းပြီးတော့ ကျွန်တော်တို့က ပြည်သူကနေလာတဲ့ ပြည်သူ့အစိုးရပုံစံ လည်ပတ်ဆောင်ရွက်ရတာပေါ့"
မင်းတပ်မြို့နယ်မှာ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျန်းမာရေး ၊ ပညာရေး၊ တရားရေး၊ ဝန်ထမ်းရေးရာ၊ သတင်း၊ပြန်ကြားရေးနှင့်မှတ်တမ်းကဏ္ဍ စတဲ့ ကဏ္ဍတွေကို အကောင်အထည်ဖော်နေသည်။

ဒေသအလိုက် လွတ်မြောက်နယ်မြေ တစ်ခုဖြစ်လာဖို့ နဲ့ ပြည်သူလူထု ယုံကြည်အားထားရတဲ့အုပ်ချုပ်ရေး စနစ်တစ်ခုကို စနစ်တကျ ပုံဖော်နေတာနဲ့ ပတ်သက်ပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly