ပုသိမ်မြို့ မငြိမ်းလှကုန်းက ဒလန်ဟုနာမည်ထွက်နေသူ အသတ်ခံရ

ပုသိမ်မြို့ မငြိမ်းလှကုန်းက ဒလန်ဟုနာမည်ထွက်နေသူ အသတ်ခံရ

အောက်တိုဘာ ၁၄

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၈) ရပ်ကွက်၊ တဂေါင်းဘုရားအနီး မငြိမ်းလှကုန်းတွင် နေထိုင်သည့် ကြံ့ခိုင်ရေးပါတီ၏ ရပ်ကျေး စည်းရုံးရေးမှူး ဒလန်ဟု နာမည်ထွက်နေသူ ကိုအောင်စိုးအား အောက်တိုဘာလ ၁၄ ရက် ည ၇ နာရီ မိနစ် ၃၀ ခန့်တွင် သေနတ်သမားတစ်ဦးက အနီးကပ် ပစ်သတ်သွားသည်ဟု ဒေသခံများထံက သိရသည်။

ဇနီဖြစ်သူနှင့်အတူ မုန့်ဝယ်ပြီး အိမ်ပြန်လာသည့် ကိုအောင်စိုးအား ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သေနတ်ဖြင့် အနီးကပ် သုံးချက် ပစ်သတ်ခဲ့သည်ဟု ယင်းပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ကျွန်တော်တို့ ပုသိမ် မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းခဲ့တာပါ။ အောင်စိုးက ဒလန်အကြီးစားပါ ။ PDF တွေရှိတယ်ဆိုပြီး သတင်းပေးတာတွေ၊ CDM တွေကို ဖမ်းခိုင်းတာတွေလုပ်နေတဲ့သူပါ။ ဒါကြောင့် သ့ူအိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့အချိန်ကို စောင့်ပြီး ဆိုင်ကယ်ရပ်တဲ့အချိန်မှာရှင်းလင်းခဲ့တာပါ"ဟု မြို့ပြပြောက်ကျားအဖွဲ့ဝင်က ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အမှတ် (၈) ရပ်ကွက်အပြင် အခြားမြို့ပေါ်ရပ်ကွက်များတွင်လည်း စစ်ကောင်စီတပ်များနှင့် ရဲများက ပိတ်ဆို့စစ်ဆေးခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly