ဂျမူး-ကက်ရှ်မီးယားဒေသ တိုက်ခိုက်မှုတွင် သေဆုံးသွားသည့် စစ်သား ၂ ဦး၏ အလောင်းများကို နေရပ်သို့ ပြန်လည်ယူဆောင်

ဂျမူး-ကက်ရှ်မီးယားဒေသ တိုက်ခိုက်မှုတွင် သေဆုံးသွားသည့် စစ်သား ၂ ဦး၏ အလောင်းများကို နေရပ်သို့ ပြန်လည်ယူဆောင်

ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ပွန့်ချ်ခရိုင် တိုက်ခိုက်မှုတွင် သေဆုံးသွားသည့် စစ်သား ၂ ဦး၏ ရုပ်အလောင်းများကို အောက်တိုဘာ ၁၂ ရက်က ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ယူဆောင်လာရာ မိသားစုများက ဝမ်းနည်းကြေကွဲခဲ့ရသည်။

ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ဘန်ဒါမြို့မှ စီပွိုင်းဆာရက်ဆင်းတို့ မိသားစုတွင် အကို ၂ ဦးနှင့် မိခင်တစ်ဦးတို့ ကျန်ရစ်သည်။

ဆာရက်ဆင်း၏ အစ်ကို ဖြစ်သူ ဆူခဗာဆင်းက “သူ့ကို ဆုံးရှုံးရလို့ မိသားစု ဝမ်းနည်းကြေကွဲရပါတယ်။ ပြီးခဲ့တဲ့ ဇွန်၊ဇူလိုင်လတုန်းက အိမ်ကို တစ်ခေါက်ပြန်လာသေးတယ်။ ကျွန်တော်လည်း စစ်တပ်တာဝန်ကျနေတုန်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာတုန်းက နောက်ဆုံးတွေ့ခဲ့ကြတာပါ။ ၂၀၁၉ ခုနှစ်မှာ သူအိမ်ထောင်ကျခဲ့တယ်” ဟု ပြောကြားသည်။

ကျဆုံးသွားသည့် အခြားစစ်သားတစ်ဦးဖြစ်သူ မန်ဒစ်ဆင်းသည် ပန်ဂျပ်ပြည်နယ် ဂါဒက်စ်ပူရ်မှ ဖြစ်သည်။

၎င်း၏ ကျန်ရစ်သူမိသားစုများမှ ဇနီးဖြစ်သူ မန်ဒစ်ကူအာ၊ မိခင်ကြီး မန်ဂျစ်ကူအာနှင့် သားငယ် ၂ ဦး တို့ဖြစ်သည်။

“ မန်ဒစ်က ဘောလုံးနဲ့ ဘတ်စ်ကတ်ဘောကစားတာတော်တယ်။ တို်ငးပြည်အတွက် အသက်စတေးသွားတဲ့ သူ့အတွက် ဂုဏ်ယူပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက မန်ဒစ်ဖုန်းဆက်တော့ ပျော်ရွှင်နေပုံပဲ” ဟု မန်ဒစ်၏ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဂရမ်ခါဆင်းက ပြောကြားသည်။

အောက်တိုဘာ ၁၁ ရက်နံနက်ပိုင်းက အငယ်တန်း အရာရှိတစ်ဦးနှင့် အိန္ဒိယစစ်တပ်မှ တပ်ဖွဲ့ဝင် ၄ ဦးတို့သည် ပွန့်ချ်မြို့၌ အကြမ်းဖက်နှိမ်နှင်းရေး တာဝန်ထမ်းဆောင်စဉ်အတွင်း ကျဆုံးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly