အောက်တိုဘာလ ၁၃ ရက်
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် Erywan Yusof မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်တချို့နဲ့ အာဆီယံပြင်ပ နိုင်ငံတချို့က ကန့်သတ်ချက်သဘောပါတဲ့ ဆောင်ရွက်မှုတွေနဲ့ ဖိအားပေးမှုတွေကြောင့် ခရီးစဉ် မဖြစ်မြောက်သေးတာလို့ စစ်ကောင်စီ ပြန်ကြားရေးက ပြောဆိုပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့က သမ္မတ ဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ရာထူးကဆင်းပေးဖို့ စစ်အရာရှိ ၂ ယောက်က လာပြောခဲ့တယ်လို့ သမ္မတဦးဝင်းမြင့် ကပြောကြားလိုက်ပါတယ်။ ဒီလို မြန်မာနိုင်ငံဆိုင်ရာ သတင်းတိုတွေကို မအိသန့်စင်က တင်ဆက်ထားပါတယ်။