ဆောမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

ဆောမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

အောက်တိုဘာ ၁၂

မကွေးတိုင်း၊ ဆောမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အောက်တိုဘာ ၁၁ရက်က ဖွဲ့စည်းလိုက်ကြောင်း ယင်းအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ အုပ်ချုပ်ရေး ယန္တရား ခိုင်မြဲစွာ ရပ်တည်ရေးအတွက် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ကြေငြာချက်အမှတ် (၁/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

အုပ်ချုပ်ရေးအဖွဲ့တွင် နာယက လေးဦး၊ လုံခြုံရေးတာဝန်ခံ သုံးဦးအပါဝင် ၁၉ ဦး ဖြင့် ဖွဲ့စည်းထားသည်။

လိုအပ်သည့် ကဏ္ဍများကိုလည်း NUG ၏ လမ်းညွှန်မှုဖြင့် ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် အုပ်ချုပ်ရေးဖွဲ့စည်းပုံများကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား ကူညီပံ့ပိုးကြရန်လည်း ကြေညာစာတွင် မေတ္တာရပ်ခံထားသည်။

ဆောမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly