ပါကစ္စတန်မှ ဖုံးကွယ်ထားသည့် ချမ်းသာကြွယ်ဝမှုများကို ပိုင်ဆိုင်ထားသူများ၏ စာရင်းတွင် အစိုးရဝန်ကြီးများ ပါဝင်

By Islam Khabar
12 October 2021
ပါကစ္စတန်မှ ဖုံးကွယ်ထားသည့် ချမ်းသာကြွယ်ဝမှုများကို ပိုင်ဆိုင်ထားသူများ၏ စာရင်းတွင် အစိုးရဝန်ကြီးများ ပါဝင်

ပါကစ္စတန်နိင်ငံမှ ဖုံးကွယ်ထားသည့် ချမ်းသာကြွယ်ဝမှုများကို ပိုင်ဆိုင်ထားသူများ၏စာရင်းကို နိုင်ငံတကာ စုံစမ်းထောက်လှမ်းရေးသားသည့် ဂျာနယ်လစ်များအဖွဲ့ (ICIJ) က အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည့် Pandora Papers စာတမ်း၌ ပါကစ္စတန်နိုင်ငံသား ၇၀၀ ၏ အမည်များကို ဖော်ပြထားရာ ဝန်ကြီးချုပ် အီမရန်ခန်း၏ အစိုးရအဖွဲ့ဝင်များ၊ ကုမ္ပဏီအများအပြားကို လျှိူ့ဝှက်စွာ ပိုင်ဆိုထားသော ၎င်းနှင့် နီးစပ်သူများပါဝင်သည်။

အဆိုပါစာရင်းတွင် ဝန်ကြီးချုပ်ခန်း၏ ဘဏ္ဍာရေးဝန်ကြီးနှင့် ၎င်း၏ မိသားစု၊ ဝန်ကြီးချုပ်၏ ဘဏ္ဍာရေးအကြံပေးဟောင်း၏ သားတို့လည်း ပါဝင်သလို အမေရိကန်တွင် ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲခံထားရသူ အာဏာရပါတီအား ငွေကြေးအများဆုံး လှူဒါန်းသူတိုလည်း ပါဝင်သည်။

ပါကစ္စတန်၏ အရပ်ဖက်နှင့် စစ်ဖက်ခေါင်းဆောင်များသည် ဖုံးကွယ်ထားသည့် ပိုင်ဆိုင်မှုအများအပြားရှိနေခြင်း သည် တိုင်းပြည်တွင်း ဆင်းရဲမွဲတွေမှု များပြားခြင်း၊ အခွန်တိမ်းရှောင်မှုတို့နှင့် သက်ဆိုင်ကြောင်း ICIJ က ဖော်ပြထားသည်။

ARY News ၏ သတင်းဖော်ပြချက်တွင် ကမ်းလွန်ရေနံ ကုမ္ပဏီ ၂ ခု၏ ပိုင်ရှင်သည် နေရပ်လိပ်စာတစ်ခုတည်းနှင့် မှတ်ပုံတင်ထားရာ ဝန်ကြီးချုပ်အီမရန်ခန် မှတ်ပုံတင်ထားသည်ကို ဖော်ပြနေသော်လည်း ဝန်ကြီးချုပ်က မိမိနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုသည်ဟု ရေးသားထားသည်။

ပါကစ္စတန်၏ အထက်တန်းလွှာများသည် ကမ်းလွန်ရေနံလုပ်ငန်းများမှ ရရှိသော အကျိုးအမြတ်များဖြင့် ယခင်ဝန်ကြီးချုပ် ရှာရစ်ဖ်အား ပြုတ်ကျစေပြီး လက်ရှိဝန်ကြီးချုပ် အီမရန်ခန်းအား လွန်ခဲ့သော ၃ နှစ်က အာဏာရရှိအောင် အကူအညီပေးခဲ့သည်ဟု ICIJ ၏ အစီရင်ခံစာတွင် ပါရှိသည်။

ICIJ သို့ ပေါက်ကြားခဲ့ပြီး ကမ္ဘာ့သတင်းဌာန ၁၄ ခုသို့လည်း ဖြန့်ဝေခဲ့သည့် ကမ်းလွန်လုပ်ငန်း ၁၄ ခုမှ လျှိူ့ဝှက်မှတ်တမ်းပေါင်း ၁၁ ဒသမ ၉ သန်းအပေါ်အခြေခံကာ ယခုစစ်ဆေးမှုကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၇ခုနှစ်က ပါကစ္စတန် ဗိုလ်ချုပ်ကြီးရှာဖက်အူလာရှာဟာ၏ ဇနီးသည် ကမ်းလွန်ရေနံလုပ်ကွက် ၁၄ ခုနှစ် လျှိူ့ဝှက်စွာ လွှဲပြောင်းလိုက်သည့် ငွေများဖြင် လန်ဒန်မြို့တွင် ဒေါ်လာ ၁ ဒသမ ၂ သန်း တန်ဖိုးရှိသည့် အခန်း ၁ ခန်းကို ပိုင်ဆိုင်ထားသည်။ အဆိုပါ ဗိုလ်ချုပ်ကြီးည် သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်၏ အနီးကပ် လူယုံလည်း ဖြစ်သည်။

ယခုထွက်ရှိလာသည့် မှတ်တမ်းတွင် ပါကစ္စတန်စစ်ခေါင်းဆောင် အများအပြားနှင့် မျိုးရိုးစဉ်ဆက် ဥစ္စာပစ္စည်း လွှဲပြောင်းပေးမှုများကို ဖော်ပြထားသည်။

အထက်တန်းလွှာတို့၏ မလျော်ကန်သည့် နည်းလမ်းမဖြင့် ချမ်းသာကြွယ်မှုသည် အခွန်ရှောင်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် ငွေကြေးခဝါချခြင်းများကြောင်းတို့ ကြောင့် ဖြစ်ကြောင်း Pandora Papers တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် အီမရန်ခန်းက ယခုကိစ္စအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွာမည်ဟု ပြောကြားသည်။

ခိုးယူထားသည့် ပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာ ၇ ဘီလျံခန့်သည့် ကမ်းလွန်ရေနံလုပ်ငန်း၏ အခွန်ကင်းလွတ်ခွင့်များမှ ဖြစ်နို်ငကြောင်း ကုလသမဂ္ဂ၏ အချက်အလက်ရှာရေးအဖွဲ့က တွက်ချက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly