မတူပီလမ်းပြန်ပွင့်ရန် စစ်ကောင်စီတပ်များကြိုးပမ်းနေ၊ သံချပ်ကာ၂စီး အပါ အဝင် စစ်ကားအစီး၈၀ကျော် ချင်းတောင်ပေါ်တက်လာ

မတူပီလမ်းပြန်ပွင့်ရန် စစ်ကောင်စီတပ်များကြိုးပမ်းနေ၊ သံချပ်ကာ၂စီး အပါ အဝင် စစ်ကားအစီး၈၀ကျော် ချင်းတောင်ပေါ်တက်လာ
ဓာတ်ပုံ- ချင်းတောင်ဘက်သို့ အလုံးအရင်းဖြင့်တက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်များ

မင်းတပ်- အောက်တိုဘာ ၁၂

ချင်းပြည်နယ်တောင်ပိုင်း၏ အဓိကလမ်းမကြီးဖြစ်သည့် မင်းတပ် - မတူပီ လမ်းမကြီးကို စစ်ကောင်စီတပ်များကပြန်လည်အသုံးပြုနိုင်ရန် အင်အားအလုံး အရင်းဖြင့်ပြင်ဆင်နေပြီး၊ ယနေ့ (အောက်တိုဘာ ၁၂)ရက်နေ့နံနက်ပိုင်းတွင် ပခုက္ကူမှချင်းတောင်ဘက်ခြမ်းသို့ သံချပ်ကာကားနှစ်စီးနှင့် စစ်ကား ၈၀ ကျော်ဖြင့် ချီတက်လာ ကြောင်း စစ်ရေးလေ့လာသူများအပြောအရသိရသည်။

အဆိုပါ မင်းတပ်-မတူပီလမ်းမကြီးသည် မိုင်ပေါင်း ၁၀၄မိုင်ရှိပြီး မင်းတပ်မှ မတူပီ၊ဆမီးမြို့နှင့်ပလက်ဝမြို့နယ် ကိုဆက်သွယ်ထားသည့်လမ်းမကြီး ဖြစ်သည်။

ဒေသခံတစ်ဦးကလည်း စစ်အင်အားအမြောက်အမြားတက်လာကြောင်းကို ''မနေ့ကတော့ မိုင် ၇၀ မှာမြေပြိုနေတာတွေကို မတူပီကနေဘတ်ဖိုး နှစ်စီးနှင့်စစ်တပ်ကအင်အား ၂၀လောက်ဆင်းသွားပြီးသွားရှင်းနေကြတယ်။ မင်းတပ်ဘက်ခြမ်းကလည်း ရှင်းပြီးတော့ မတူပီဘက်ကိုတက်လာကြတယ် ပြောတယ်။ အခုမိုးပြတ်တာနဲ့ဒီလမ်းကနေပဲ စစ်အင်အားနှင့်ရိက္ခာ သယ်ချင်ကြ တယ် ထင်တယ် ''ဟု ပြောသည်။

မင်းတပ်-မတူပီလမ်းကြောင်းတစ်လျှောက်တွင် လွန်ခဲ့သည့်လပိုင်းက တိုက်ပွဲ ကြီး များဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အဆုံးရှုံးလည်းများခဲ့သည်ဆို သော သတင်းများထွက်ပေါ်ခဲသည်။

CDF လူငယ်များပစ်ခတ်မှုကြောင့် မိုင် ၈၀ တွင် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး တစ်ဦး၊ ဒုဗိုလ်တစ်ဦးနှင့် ရဲဘော်များသေဆုံးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဘက်ကလည်း မိုင် ၂၀ ရှိ လူနေအိမ်များနှင့် စားနပ်ရိက္ခာများ မီးရှို့ဖျက်စီးခဲ့သည်ဟု ဆိုသည်။

CDF ၏ စစ်ရေးလှုပ်ရှားစိုးမိုးမှုရှိနေခြင်းနှင့် မြေပြိုခြင်းတို့က မလုံခြုံဖြစ်နေ သော စစ်ကောင်စီတပ်တို့အတွက် လမ်းကြောင်းပိတ်သကဲ့သို့ဖြစ်နေရာက ပခုက္ကူမှ မတူပီသို့ ပစ္စည်းများသယ်ဆောင်ရာတွင် ပခုက္ကူ-ဂန့်ဂေါ်-ရေဇွာ-မတူပီလမ်းကြောင်းကိုသာအသုံးပြုရပြီး လူအင်အားနှင့်စားရိက္ခာများ သယ် ဆောင်ရာတွင် ရဟတ်ယာဉ်ကိုသာ အသုံးပြုနေခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly