အာဆီယံအထူးကိုယ်စားလှယ် နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဖို့ ဖိတ်ကြား

အာဆီယံအထူးကိုယ်စားလှယ် နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဖို့ ဖိတ်ကြား

အောက်တိုဘာလ ၁၂ ရက်

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရွန် ယူစွပ် ဟာ ဒီကနေ့ အင်္ဂါနေ့မှာ မြန်မာနိုင်ငံကိုလာရောက်မှာဖြစ်တဲ့အတွက် တွေ့ဆုံဖို့နိုင်ငံရေးပါတီအချို့ကို ရွေးကောက်ပွဲကော်မရှင်ရုံးကို လာရောက်ဖို့ ဖိတ်ကြားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ကျန်းမာရေးအခြေအနေကြောင့် အပတ်စဉ် စစ်ဆေးမယ့်အစား ၂ ပတ်ခြား စစ်ဆေးပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တောင်းဆိုထားတာကို တရားရုံးက ပယ်ချလိုက်ပါတယ်။ ဒီလို မြန်မာနိုင်ငံဆိုင်ရာ သတင်းတိုတွေကို မအိသန့်စင်က တင်ဆက်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required