ဒစ်ဂျစ်တယ်ငွေကြေး လုပ်ငန်းတွင် ရှင်းနှီးမြှုပ်နှံမှုများကို တရုတ်အစိုးရ ကန့်သတ်

ဒစ်ဂျစ်တယ်ငွေကြေး လုပ်ငန်းတွင် ရှင်းနှီးမြှုပ်နှံမှုများကို တရုတ်အစိုးရ ကန့်သတ်

တရုတ်အစိုးရက ဒစ်ဂျစ်တယ်ငွေကြေးများကို အွန်လိုင်းမှ စီမံခန့်ခွဲခြင်းအပေါ် တားမြစ်ခြင်းများအား တိုးချဲ့ လုပ်ဆောင်ရန် ဒစ်ဂျစ်တယ်ငွေကြေး (Cryptocurrency) အား နှိမ်နှင်းမှုကို မကြာမီ ပိုမိုလုပ်ဆောင် သွားဖွယ်ရှိသည်။

တရုတ်နိုင်ငံသားများက ဖြစ်စေ၊ နိုင်ငံခြားသားများက ဖြစ်စေ အွန်လိုင်းမှတစ်ဆင့် Cryptocurrency စုဆောင်းလွှဲပြောင်းခြင်းကို ‘တားမြစ်လုပ်ငန်း’ အဖြစ် စာရင်းထည့်သွင်းပြီး ကန့်သတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းတို့ကို အစိုးရက လုပ်ဆောင်မည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားည်။ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့်သူများအနေဖြင့် ခွင့်ပြုချက်တောင်းခံရန် လိုအပ်မည်ဖြစ်သော်လည်း ယခုကဲ့သို့ တားမြစ်ကန့်သတ်မှုကြောင့် ခွင့်ပြုချက်လည်း ရရှိမည်မဟုတ်ပေ။

ပြည်သူများ၏ သဘောထားကို တရုတ်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က အောက်တိုဘာ ၁၄ ရက်အထိ တောင်းခံထားကြောင်း Bitcoin.com တွင် ဖော်ပြထားသည်။ သို့သော် ဒစ်ဂျစ်တယ်ငွေကြေးများကို အွန်လိုင်းမှ စီမံခန့်ခွဲနိုင်သည့်စနစ်နှင့် ပတ်သက်၍ အစိုးရ၏ အစီအစဉ်ကို ပြည်သူတို့၏ သဘောထားက ပြောင်းလဲနိုင်ဖွယ်ရာ မရှိနိုင်ကြောင်း သံသယများလည်း ရှိနေသည်။ ဒစ်ဂျစ်တယ်ငွေကြေး လွှဲပြောင်းမှုများကို တရားမဝင်သည့် လုပ်ငန်းဟု တရုတ်အစိုးရက သတ်မှတ်ထားသည်။ အဆိုပါ ငွေကြေးလုပ်ငန်းပုံစံသည် ငွေကြေးခဝါချမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုများကို ဖြစ်စေနိုင်သည်ဟုလည်း ပြောကြားထားသည်။

တရုတ်နိုင်ငံတွင် ၎င်း၏ ကိုယ်ပိုင် ဒစ်ဂျစ်တယ်ငွေကြေးကို စမ်းသပ်နေသော်လည်း တိုက်ရိုက် ထိန်းချုပ်မှု ရနိုင်ပြီး ပိုမိုတည်ငြိမ်သော ငွေကြေးစနစ်ကို လိုအပ်နေသည်ဟု ထင်မြင်မှုများလည်း ရှိနေသည်။

ယခုကဲ့သို့ နှိမ်နှင်းမည့် အစီအစဉ်ကြောင့် တရုတ်နိုင်ငံတွင် ဒစ်ဂျစ်တယ်ငွေကြေးသည် လက်တွေ့မကျနိုင်တော့ပေ။ တရုတ်အစိုးရက စက်တင်ဘာလတွင် နှိမ်နှင်းမှု လုပ်ဆောင်ပြီးနောက်ပိုင်း Bitcoin ကုမ္ပဏီ၏ ဒစ်ဂျစ်တယ်ငွေကြေးတန်ဖိုးသည် ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly