ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်းများကို ပိတ်ပစ် သောကြောင့် ဒေါ်လာဘီလီယံများစွာ ဆုံးရှုံးနေ

ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်းများကို ပိတ်ပစ် သောကြောင့် ဒေါ်လာဘီလီယံများစွာ ဆုံးရှုံးနေ

ခါးပတ်လမ်းစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်းများကို နိုင်ငံအများအပြားတွင် တရုတ်က ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဒေါ်လာဘီလီယံများစွာ ဆုံးရှုံးခဲ့ရသည်။

ထိရောက်ကျွမ်းကျင်မှုမရှိသော စီမံကိန်းအကောင်အထည်ဖော်မှုများကို ခါးပတ်လမ်းစီမံကိန်းရှိသည့် နိုင်ငံများမှ ပြည်သူများ၏ ဆန့်ကျင်မှုကြောင့် ယင်းကဲ့သို့ ရပ်ဆိုင်းခြင်းဖြစ်ကြောင်း HK Post မှ ဖော်ပြခဲ့သည်။

တရုတ်သည် BRI စီမံကိန်းရှိသည့် နိုင်ငံမျာမှ ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများ၏ ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသည်။ ၂၀၂၀ ပြည့်နှစ်က ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက် မည့် တရုတ်ဘဏ်များရင်းနှီးမြှုပ်နှံမှုကို တူရကီတွင် အင်န်ဂျီအို အဖွဲ့ပေါင်းများစွာက စုဝေးကန့်ကွက်ခဲ့ကြသည်။

ကင်ညာတွင် တရုတ်၏ ရန်ပုံငွေထောက်ပံ့သောစီမံကိန်းများ မကြုံစဖူး ဆန္ဒပြမှုများနှင့် ကြုံနေရသဖြင့် လာမုစက်ရုံတည်ဆောက်ရေးနှောင့်နှေးကြန့်ကြာနေရသည်။ ICBC သည် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရန်ပုံငွေအတွက် တစ်ပြားတစ်ချပ်မျှပင် ထုတ်မပေးနိုင်ခဲ့ပေ။

အီဂျစ်တွင် ၆ ဒသမ ၆ GW စက်ရုံကို ယမန်နှစ်ကဖျက်သိမ်းခဲ့သည်။ ဘင်္ဂလားဒေ့ရှ်တွင် တရုတ်ရင်းနှီးမြှုပ်နှံ သူများအား ကျောက်မီးသွေးအခြေခံစက်ရုံများအစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် တောင်းဆိုနေကြသည်။

BRI စီမံကိန်းရှိသည့် နိုင်ငံများသို့ တရုတ်ငွေများသည် ရေကဲ့သို့စီးဆင်းနေသော်လည်း စီမံကိန်းများစွာ မအောင်မြင်ပေ။

အစီရင်ခံစာက ထောက်ပြသည်မှာ“ တရုတ်ထောက်ပံ့ပေးထားသည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ များသည် ဒေါ်လာ ၆၅ ဘီလီယံကျော် တန်ဖိုးရှိပြီး ၂၀၁၄ ခုနှစ်မှစ၍ ယာယီပိတ်ထားခြင်း၊ နှောင့်နှေးခြင်း နှင့် ဖျက်သိမ်းခြင်းဖြစ်ပေါ်နေပြီး စီမံကိန်းအများစုမှာ တည်ဆောက်ရေးပိုင်းတွင် ပိုမို နောက်ကျနေသည်ကို တွေ့နေရသည်” ဟု The HK Post က ဖော်ပြသည်။

၂၀၁၄ ခုနှစ်မှစ၍ တရုတ်ထောက်ပံ့ပေးထားသည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ ၅၂ ခုရှိခဲ့ရာတွင် ၂၀၂၀ ပြည့်နှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကာလာပါရာရှိ ၁ ဒသမ ၃ ဂဂ္ဂါဝပ် ပေရာပါတက်ခ်ဟာလီ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံသာ လည်ပတ်နိုင်သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly