ထိုင်ဝမ်၌ တရုတ်၏ ဆိပ်ကမ်းရင်းနှီးမြှုပ်နှံမှုများအပေါ် စိုးရိမ်ကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြ

ထိုင်ဝမ်၌ တရုတ်၏ ဆိပ်ကမ်းရင်းနှီးမြှုပ်နှံမှုများအပေါ် စိုးရိမ်ကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြ

ထိုင်ဝမ်ကျွန်း ခိုစီအွန်း အရပ်ရှိ ဆိပ်ကမ်း၂ခုတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများအား စုံစမ်းစစ်ဆေးမှု ပြန်လည်လုပ်ဆောင်ရန်လူ ၅၇ ရာခိုင်နှုန်းကျော်ကသဘောတူခဲ့ကြသည်ဟု New Power Party (NPP) က လုပ်ဆောင်သော စစ်တမ်းသစ်တစ်ခုတွင် ဖော်ပြခဲ့သည်။

စစ်တမ်းကောက်ယူမှုအရ ဖြေဆိုသူအများစုသည် ထိုင်ဝမ်သိပ္ပံဌာနများနှင့် ဆိပ်ကမ်းများရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုကို အာဏာပိုင်များက နှိမ်နင်းစေလိုကြောင်း NPP ကို ကိုးကား၍ Taipei Times က ဖော်ပြခဲ့သည်။

ထိုင်ပေတွင်ပြုလုပ်သောမီဒီယာရှင်းလင်းပွဲတွင် NPP က သိပ္ပံဌာနများနှင့်ဆိပ်ကမ်းနေရာများ၌ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုကို အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်က ရှယ်ယာ အများစုပိုင်ဆိုင်သော ထိုင်ဝမ်ကုမ္ပဏီဖြစ်သည့် Science Park Logistics ကို အာဏာပိုင်များအနေဖြင့ ်စုံစမ်းစစ်ဆေးမှုများ ပြန်လည်လုပ်ဆောင်သင့်သလားဟု မေးမြန်းရာတွင် ၅၂ ဒသမ ၉ ရာခိုင်နှုန်းကအခိုင်အမာသဘောတူပြီး ၂၃ ဒသမ ၈ ရာခိုင်နှုန်းက အသင့်အတင်သဘောတူခဲ့သည်ဟု NPP ကပြောသည်။

သဘောမတူသူ ၆ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ၃ ရာခိုင်နှုန်းက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနှင့် ၁၃ ဒသမ ၇ ရာခိုင်နှုန်းကထင်မြင်ချက်မပေးခဲ့ကြပေ။

ထို့ပြင် ခိုစီအွန်း ရှိ အဓိကဆိပ်ကမ်း၂ခုတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများအား အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများပြန်လည်လုပ်ဆောင်သင့်သလားဆိုသည်နှင့်ပတ်သက်၍ ၅၇ ဒသမ ၇ ရာခိုင်နှုန်းက အခိုင်အမာသဘောတူကာ ၂၀ ဒသမ ၁ ရာခိုင်နှုန်းကအတန်အသင့်သဘောတူကြောင်း၊ ၆ ဒသမ ၅ ရာခိုင်နှုန်းက သဘောမတူကြောင်းနှင့် ၂ ဒသမ ၈ ရာခိုင်နှုန်းက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနှင့် ၁၂ ပြည်ထဲရေးဝန်ကြီးဌာနမှ ကိန်းဂဏန်းများကို ကိုးကားလျက်NPP အကြံပေးအဖွဲ့အမှုဆောင် ဒါရိုက်တာလီချောင်လီက တိုင်းပြည်၏ အထူးမြူနီစီပယ် ၆ ခုအနက် ၅ခုရှိ အိမ်ရာဈေးနှုန်းများသည်ယမန်နှစ်ကစံချိန်တင်အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်ဟုပြောကြားခဲ့သည်။

လက်ရှိအိမ်ရာဈေးနှုန်းများအပေါ်မကျေနပ်မှုကိုထုတ်ဖော်ပြောသူအများစုမှာအသက် ၂၀ မှ ၄၉ နှစ်အကြားဖြစ်ပြီး အသက် ၃၀ မှ ၃၉နှစ်အကြားအုပ်စုက၉၀ ရာခိုင်နှုန်းရှိသည်ဟုလီချောင်လီကဆိုသည်။

စစ်တမ်းတွင် သမ္မတ ဆိုင်အင်ဝမ်နှင့် ဝန်ကြီးချုပ်ဆူဆန်ချန်တို့၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ၅၆ ရာခိုင်နှုန်းကဆိုင်အင်ဝမ်၏စွမ်းဆောင်ရည်ကိုကျေနပ်ကြပြီး ၃၇ ဒသမ ၄ ရာခိုင်နှုန်းက မကျေနပ်ကြောင်း၊ဝန်ကြီးချုပ်ဆူဆန်ချန်၏စွမ်းဆောင်ရည်ကို၄၉ ဒသမ ၅ ရာခိုင်နှုန်းကကျေနပ်ပြီး၄၃ ဒသမ ၁ ရာခိုင်နှုန်းကမကျေနပ်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly