အမေရိကန်မရိန်းတပ်က ထိုင်ဝမ်တပ်ဖွဲ့ကို လေ့ကျင့်ပေးနေသည်ဆိုသော သတင်းအပေါ် တရုတ် သတိပေး

By THE WASHINGTON EXAMINER
10 October 2021
အမေရိကန်မရိန်းတပ်က ထိုင်ဝမ်တပ်ဖွဲ့ကို လေ့ကျင့်ပေးနေသည်ဆိုသော သတင်းအပေါ် တရုတ် သတိပေး

စစ်ရေးဆက်ဆံမှုများခိုင်မာစေရန်အတွက် အမေရိကန် မရိန်းတပ်ဖွဲ့များ ထိုင်ဝမ်တွင် တပ်စွဲနေသည် ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ထိုင်ဝမ်နှင့် စစ်ဘက်ဆက်ဆံရေးကို အဆုံးသတ်ရန် တရုတ်က အမေရိကန်အား တောင်းဆိုလိုက်သည်။

မကြာခဏပြောဆိုလေ့ရှိသည့် တရုတ်-ထိုင်ဝမ်ပဋိပက္ခ၏ အကဲဆတ်ဆုံးအပိုင်းကို အမေရိကန်က အသိအမှတ်ပြုသင့်သည်ဆိုသောအချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက ထပ်လောင်းပြောဆိုလိုက်သည်။

“အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်အခွင့်အာဏာကို ကာကွယ်ရန် လိုအပ်သော အစီအမံများအားလုံးကို တရုတ်က လုပ်ဆောင်သွားမည်” ဟု ယခုထွက်ပေါ်သည့် သတင်းများနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ကျောက်က ပြောကြားခဲ့ကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။

ခန့်မှန်းခြေအားဖြင့် အမေရိကန်အထူးစစ်ဆင်ရေးနှင့် ထောက်ပံ့ရေးတပ်ဖွဲ့ဝင် ၂ ဒါဇင်ခန့်သည် ထိုင်ဝမ်တွင် လျှို့ဝှက်လေ့ကျင့်မှုများပြုလုပ်နေသည်မှာ အနည်းဆုံး ၁နှစ်ရှိပြီဟု Wall Street Journal က အောက်တိုဘာ ၇ရက်တွင် ဖော်ပြခဲ့သည်။

လူဦးရေ ၂၄ သန်းရှိသည့် ထိုင်ဝမ်က လွတ်လပ်သည့် နိုင်ငံအဖြစ်သတ်မှတ်ထားသော်လည်း ထိုင်ဝမ်သည် တရုတ်၏ အချုပ်အခြာပိုင်နယ်မြေ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း တရုတ်က အခိုင်အမာ ပြောဆိုထားသည်။

အမေရိကန်သည် ထိုင်ဝမ်ကိုယ်စား တိုက်ခိုက်ရန် ရှင်းလင်းသော ကတိကဝတ်ပြုမှုကို သမိုင်းကြောင်းအရ ရှောင်ရှားခဲ့သော်လည်း ထိုင်ဝမ်အစိုးရနှင့် တရားမဝင် ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး တရုတ်ပြည်မကြီးမှ ဖြစ်နိုင်ချေရှိသော တိုက်ခိုက်မှုကို တားဆီးရန် စစ်လက်နက်ပစ္စည်းများလည်း ထိုင်ဝမ်တပ်ဖွဲ့များကို ထောက်ပံ့ ထားသည်။

တရုတ်တပ်ဖွဲ့များသည် ပြီးခဲ့သည့်သီတင်းပတ်က ထိုင်ဝမ်သို့ မကြုံစဖူးသော အရေအတွက်ဖြင့် တိုက်လေယာဉ် များစွာ စေလွှတ်ခဲ့ပြီး အောက်တိုဘာ ၁၀ ရက်တွင် ကျရောက်သော အမျိုးသားနေ့အထိမ်းအမှတ် ကျင်းပခြင်းအတွက် ပျံသန်းခြင်းဖြစ်နို်ငသလို အောက်တိုဘာ ၁၀ရက်တွင် ကျရောက်သည့် ထိုင်ဝမ်အမျိုးသားနေ့ ကျင်းပခြင်းကိုလည်း ပြစ်တင်ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly