ဟံသာဝတီ ဦးဝင်းတင်လို နိုင်ငံရေးယဉ်ကျေးမှု တည်ဆောက်ကြ…(ဆောင်းပါး)

ဟံသာဝတီ ဦးဝင်းတင်လို နိုင်ငံရေးယဉ်ကျေးမှု တည်ဆောက်ကြ…(ဆောင်းပါး)

အောက်တိုဘာလ ၁၀ ရက်

အယူအဆတွေ၊ အယူဝါဒတွေကြောင့် အင်အားစုတွေ တစ်ခုနဲ့ တစ်ခု ကွဲသလို တစ်စုတည်းကြားမှာလည်း ကွဲတတ်တဲ့ သဘာဝက မြန်မာ့နိုင်ငံရေးကို အတော်လေး လွှမ်းမိုးထားပါတယ်။ ဒါပေမဲ့ ဒီလွှမ်းမိုးခံနေရမှုကို ဖောက်ထွက်ပြပြီး အဆင့်အတန်းမြင့်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုဆိုတာဟာ ဒါပါလို့ ပြခဲ့တာက ဟံသာဝတီ ဦးဝင်းတင် ဖြစ်ပါတယ်။တော်လှန်ရေးအတွက် တစ်ခုတည်းသော နိုင်ငံရေးအရ သဘောတူညီမှု ပြီးရင် တော်လှန်ရေးအလွန်ကာလအတွက် ပြင်ဆင် ကြရမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်တဲ့အခါ၊ နိုင်ငံရေးအရ ညှိနှိုင်းမှုတွေ လုပ်ကြတဲ့အခါ ဝါရင့်နိုင်ငံရေးသမားကြီး ဟံသာဝတီ ဦးဝင်းတင် ရှေ့ဆောင်လမ်းပြခဲ့တဲ့ နိုင်ငံရေးယဉ်ကျေးမှု မြင့်မားပုံနဲ့ နိုင်ငံရေးသမားတစ်ဦး ထားရမယ့် စိတ်သဘေထားမှုပုံစံကို နမူနာယူပြီး လုပ်ကိုင်ကြဖို့ လိုပါတယ်။ ဒီလိုစိတ်ထားမျိုး၊ ဒီလိုလုပ်ရပ်မျိုးဟာ နွေဦးတော်လှန်ရေးအင်အားစုတွေအကြား စုဖွဲ့မှုကို ပိုပြီး အားကောင်းစေနိုင်သလို ဒီအင်အားစုတွေအပေါ် လူထုယုံကြည်ကိုးစားမှုက ပိုမြင့်သထက် မြင့်လာမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly