ကရင်နီတပ်မတော် အမှတ်စဉ်( ၇၁) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

09 October 2021
ကရင်နီတပ်မတော် အမှတ်စဉ်( ၇၁) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကယား(ကရင်နီ)ပြည်နယ်တွင် ကရင်နီတပ်မတော်(KA) မှ ဦးစီးဖွင့်လှစ်သည့် အမှတ်စဥ် (၇၁) စစ်သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာလ ၉ ရက်တွင် KAထိန်းချုပ်ရာနယ်မြေတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ကရင်နီတပ်မတော်(KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ စစ်ဦးချုပ် ဗိုလ်ချုပ် စောဘီထူးမှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး မိန့်ခွန်းထဲတွင် "လက်ရှိအခြေအနေမှာ စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန် လက်ခံနိုင်သည့် အခြေအနေမရှိကြောင်း "ထည့်သွင်းပြောကြားခဲ့သည်။

Video - KnIC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly