စစ်ကောင်စီကို အောက်ဆီဂျင်အိုးနှင့် ဆေးပစ္စည်းများလှူဒါန်းသည့် ဧရာဝတီထောက်ပံ့ကူညီရေးအသင်း ဝေဖန်ခံရ

စစ်ကောင်စီကို အောက်ဆီဂျင်အိုးနှင့် ဆေးပစ္စည်းများလှူဒါန်းသည့် ဧရာဝတီထောက်ပံ့ကူညီရေးအသင်း ဝေဖန်ခံရ

အောက်တိုဘာ ၉

ဧရာဝတီတိုင်း ၊ပုသိမ်မြို့အခြေစိုက် ၊အနောက်တောင်တိုင်းစစ်ဌာချုပ်၊ အမှတ်(၄) စစ်မြေပြင်တပ်ရင်းကို အောက်ဆီဂျင်အိုးနှင့် ဆေးပစ္စည်းများ လှူဒါန်းခဲ့သည့် ဧရာဝတီထောက်ပံ့ကူညီရေးအသင်း (AYA AID)ကို ဒေသခံပြည်သူများနှင့် အလှူရှင်များက ဝေဖန်ခဲ့ကြသည်။

၎င်းအဖွဲ့သည် COVID-19တတိယလှိုင်းတွင် စွမ်းစွမ်းတမံ ကာကွယ်ကုသပေးခဲ့ကြသည့် တပ်မတော်ဆေးအဖွဲ့ဝင်များကို ဂုဏ်ပြုသောအားဖြင့် 40L အောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်းမှုကို နတခ တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်ကိုယ်တိုင် လက်ခံယူခဲ့ပြီး စစ်တပ်စက်ရုံထုတ် စားသောက်ကုန်များကို ပြန်လည်ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“သူ့တို့အဖွဲ့ရဲ့ Pageမှာတော့ စစ်တပ်ကိုလှူတာကို မတင်ထားဘူး။ ဆေးရုံတွေလှူတာကိုပဲ တင်ထားတယ်။ စစ်တပ်ဘက်က သတင်းတင်တော့မှတွေ့တာ မနေ့က သွားလှူတာ၊ အလှူရှင်တွေလှူထားတာကို ဆေးရုံတွေကိုလှူတာ မပြောလိုဘူး။ အကျိုးမပေးတဲ့ကောင်တွေကိုတော့ မလှူစေချင်ဘူး။ တပ်က အစားအသောက်တွေနဲ့ အောက်ဆီဂျင်အိုးနဲ့ သွားလဲနေသလိုပဲ။ တပ်မှာအရင်ထဲက အောက်ဆီဂျင်ရနေတာကို ပထွေးဓားရိုးကမ်းတာ”ဟု ပုသိမ်မြို့ဒေသခံတစ်ဦးကပြောသည်။

ဧရာဝတီထောက်ပံ့ကူညီရေးအသင်းသည် ဒေသခံပြည်သူများ၏ အလှူငွေများဖြင့် တည်ထောင်ထားခြင်းဖြစ်ပြီး ပုသိမ်မြို့တွင်အောက်ဆီဂျင်စက်ရုံတစ်ရုံတည်ဆောက်ကာ အောက်ဆီဂျင်ဖြန့်ဝေခြင်းများ လုပ်ဆောင်ပေးနေသည့် အသင်းတစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required