ဒေါပုံမြို့နယ် သင်္ဘောကျင်းအနီး ပေါက်ကွဲမှုဖြစ်

ဒေါပုံမြို့နယ် သင်္ဘောကျင်းအနီး ပေါက်ကွဲမှုဖြစ်

အောက်တိုဘာ ၉

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်ရှိ သ‌င်္ဘောကျင်းအနီးတွင် ယနေ့ အောက်တိုဘာ ၉ရက် နေလည် ၁၂နာရီ ခန့်က ပေါက်ကွဲမှုဖြစ်ခဲ့သည်။

"ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ သင်္ဘာကျင်းနားမှာ ပေါက်တာလို့ ပြောတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုအပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ထိခိုက်ပျက်စီးမှုရှိမရှိကိုမူ မသိရသေးပေ။

ယနေ့ နံနက်ပိုင်းတွင်လည်း သာကေတမြို့နယ် (၇) ရပ်ကွက်၊ (၆) ရပ်ကွက်နှင့် ( ၁) ရပ်ကွက်တို့တွင် ပေါက်ကွဲမှုများဖြစ်ခဲ့သေးသည်ဟု Tharkayta News တွင်ဖော်ပြထားသည်။

လှိုင်မြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းက ခရီးသွားလာနေကြသည့် ပြည်သူများအနေဖြင့် အောက်တိုဘာ ၉ရက်က စတင်ပြီး စစ်ကောင်စီက ပြေးဆွဲနေသည့် မီးရထားများကို စီးနင်းခြင်း၊ ရထားဘူတာရုံများအနီး သွားလာခြင်းကို ရှောင်ကြဉ်ကြရန် သတိ‌ပေး ထားသည်။

ယင်းအပြင် ရန်ကုန်မြို့ နေရာအနှံ့တွင် ပေါက်ကွဲမှုများ ဖြစ်နေပြီး မဖြစ်မနေသွားလာရသူများအနေဖြင့် ကိုယ်နှင့်မဆိုင်သည့်အရာများကို မစူးစမ်းကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly