သီရိလင်္ကာ စစ်ရေးလေ့ကျင့်မှုတွင် အိန္ဒိယတပ်ဖွဲ့များ ပါဝင်မည်

သီရိလင်္ကာ စစ်ရေးလေ့ကျင့်မှုတွင် အိန္ဒိယတပ်ဖွဲ့များ ပါဝင်မည်

အိန္ဒိယနိုင်ငံမှ တပ်ဖွဲ့တစ်ဖွဲ့သည် Exercise Mitra Shakti 21 စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် အောက်တိုဘာ ၃ ရက်က သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြသည်။

အောက်တိုဘာ ၄ ရက်မှ ၁၅ ရက်အထိ ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုသို့ ရောက်ရှိလာသည့် အိန္ဒိယတပ်ဖွဲ့ ဝင်များကို ရိုးရာအစဉ်အလားများဖြင့် ကြိုဆိုခဲ့ကြသည်။

သီရိလင်္ကာနိုင်ငံ၊ အမ်ပါရာမြို့ရှိ တိုက်ခိုက်ရေးသင်တန်းကျောင်းတွင် ၈ ကြိမ်မြောက် နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်သွားမည်ဖြစ်ကာ အိန္ဒိယတပ်ဖွဲ့ဝင် ၁၂၀ ပါဝင်မည်။

“ဒီစစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံ တပ်ဖွဲ့တွေအကြား နီးကပ်တဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့နဲ့ ပူးပေါင်းစွမ်ရည် ၊ အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်ရေးများနှင့် ပတ်သက်၍ အတွေ့အကြုံများကို မျှဝေရန် ဖြစ်သည်” ဟု သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေ့ကျင့်မှုတွင် နိုင်ငံတကာ သောင်းကျန်းသူတိုက်ဖျက်ရေးနှင့် အကြမ်းဖက်တိုက်ဖျက်ရေးကို နယ်မြေအဆင့် ဗျူဟာဖော်ဆောင်လုပ်ကိုင်ခြင်း ပါဝင်မည်ဖြစ်သလို တောင်အာရှနှစ်နို်ငငံ၏ ဆက်ဆံရေး တိုးတက်စေရန်၊ စစ်တပ်နှစ်ခုအကြား အောက်ခြေအဆင့် ချိတ်ဆက်ပူးပေါင်း စောင့်ရွက်မှု ရှိစေရန် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၇ ကြိမ်မြောက် Exercise Mitra Shakti စစ်ရေး လေ့ကျင့်မှုကို ၂၀၁၉ ခုနှစ်က အိန္ဒိယနိုင်ငံ မဟာရက်ရှ်တာရှိ နိုင်ငံခြား လေ့ကျင့်ရေးဌာန (FTN) တွင် ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly