မြစ်ကြီးနားမြို့တွင်း မိုင်းရှာဖွေမှုများလုပ်

မြစ်ကြီးနားမြို့တွင်း မိုင်းရှာဖွေမှုများလုပ်

အောက်တိုဘာ ၆

မြစ်ကြီးနားမြို့တွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မိုင်းရှာဖွေမှုများ လုပ်နေကြ သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အထိုင်ချတပ်စွဲထားသည့် မြစ်ကြီးနားတွင် ယနေ့ နံနက်အစောပိုင်းကစ၍ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ (BE) တပ်ဖွဲ့ဝင်များနှင့် တပ်များက မြို့တွင်းအနှံ့လုံခြုံရေးများရယူထားကာ မိုင်းရှာဖွေခြင်း ပြုလုပ် နေခြင်း ဖြစ်သည်။

ထူးတေဇပိုင်ဆီအရောင်းဆိုင်ကြီးဆိုင်ရှေ့တစ်လျောက်နှင့် မြို့လယ်က စစ်သား စုဆောင် ရေးစခန်းရှေ့များ၊ လမ်းလယ်ကျွန်းများနှင့် မြို့တွင်းနေရာအချို့တွင် မိုင်းရှာကြသည်။

ထို့အပြင် မြစ်ကြီးနားမြို့နယ်အဝင်အထွက် ဂိတ်များတွင်လည်း လေတပ်ဌာန ချုပ်က တပ်ဖွဲ့ဝင်များနှင့် ဆေးတပ်ဖွဲ့ဝင်များက စစ်ဆေးနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly