နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၅ အောက်တိုဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၅ အောက်တိုဘာ ၂၀၂၁)
(Photo: :CJ-အောက်တိုဘာလ ၅ ရက်၊ တန့်ဆည်မြို့နယ်မှ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်)

အောက်တိုဘာလ ၅ ရက်

စစ်ကောင်စီ

·       စိန်ခေါ်မှုအခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရသော်လည်း စိတ်ပျက်အားလျော့တာ မရှိဘဲ လုပ်ဆောင် နေကြသည့် ဆရာများကို အလေးအနက် ဂုဏ်ပြုတန်ဖိုးထားကြောင်း အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

·       အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းအကောင်စီအစည်းအဝေး အကြိမ်(၃၀)မြောက် အာဆီယံ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီအစည်းအဝေးနှင့်အာဆီယံနိင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ စစ် ကောင်စီနိုင်ငံခြား ရေးဝန်ကြီး ဝဏ္ဏမောင်လွင် တက်ရောက်ကြောင်း ဝါဒဖြန့်သတင်းစာ တွင်ဖော်ပြ ထားသည်။

·       ငွေကြေးခဝါချမှုနှင့်  အကြမ်းဖက် မှုကို        ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ     အမျိုးသား အဆင့် မဟာဗျူ ဟာနယ်ပယ် (၃)အကောင်အထည်ဖော်မှု ကြီးကြပ် ရေးကော်မတီ  အစည်းအဝေးကို အောက်တိုဘာ ၂   ရက်   နံနက် ၁၀  နာရီတွင်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ 

·       ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသွားရာလမ်း ၁၃ မိုင်ရှိ ဒုဌဝတီမြစ်ကမ်းနားဘေးတွင်  အပန်းဖြေ လည်ပတ် နိုင်စေရန် ရည်ရွယ်၍ Valley View Point စီမံကိန်းဆောက်လုပ်နေသည့်နေရာကိုအကြမ်းဖက် စစ်ကောင်စီ မန်းတိုင်းဝန်ချုပ်နှင့် အကြမ်းဖက် စစ်တပ်အလယ်ပိုင်တိုင်း တိုင်းမှူးတို့က သွားရောက် စစ်ဆေး ကြောင်း သိရသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ

·       စစ်အာဏာရှင်ပြုတ်ကျရေးတွင် ရှေ့တန်းမှ တက်တက်ကြွကြွ ပါဝင် သော ဆရာ၊ ဆရာမများနှင့် ပညာရေး ဝန်ထမ်းကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ (၂၀၂၁) ခုနှစ် ကမ္ဘာဆရာများနေ့ အခမ်းအနားကို ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

·       NUG ရှေ့ထွက်ခဲ့ဟု စစ်ကောင်စီ၏ စိန်ခေါ်မှုကို လက်နက်အားကိုးမှုမပါဘဲ အမှန်တရား၏ တရားခုံရုံးတွင် ယှဉ်ရဲလားဟု  အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြန်လည်တုန့်ပြန် လိုက်သည်။

·       နွေဦးတော်လှန်ရေးအတွင်းတွင် ဆရာဆရာမများ၏ ပေးဆပ်မှုများနှင့် စွန့်လွှတ်မှုများ အတွက် ဂုဏ်ပြုလိုက် ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း ကပြောသည်။

·       ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိရာသတင်းအချက်အလက်များအရ(၄.၁၀.၂၀၂၁) ရက်နေ့ တွင်ရန်သူ့စစ်ရေးပစ်မှတ် - ၁၆ နေရာအုပ်ချုပ်ရေးပစ်မှတ် - ၁၁ နေရာနှင့်စီးပွားရေး ပစ်မှတ် - ၄ နေရာ တို့ကို ခုခံတိုက်ခိုက် နိုင် ခဲ့ကြောင်း NUG မှ ထုတ်ပြန်သည်။

·       ၄.၁၀.၂၀၂၁ တွင် မကွေးနှင့်စစ်ကိုင်းတိုင်းများအတွင်း တရားသောခုခံတော်လှန်စစ် (၃) ကြိမ်တိတိဖြစ်ပွား ခဲ့ပြီးပြည်သူ့ရင်ခွင်ခိုလှုံရန် ဆက်သွယ်လာသော တပ်သား(၂)ဦးနှင့်ရဲ(၅)ဦးရှိကြောင်း NUG မှ ထုတ်ပြန်သည်။

တော်လှန်ရေးလှုပ်ရှားမှုများ

·       မန္တလေးတွင် မြတောင်၊ အရမ်းညီတဲ့ချမ်းစည် နှင့် အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြု သပိတ်စစ်ကြောင်း တို့ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင်စနစ် အမြစ် ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာရှိ ဖယ်ရီကား တစ်စီး အား ယနေ့ အောက်တိုဘာလ ၅ ရက်တွင် သတိပေးဖောက်ခွဲခဲ့ကြောင်း နေပြည်တော် PDF ထံမှ သိရသည်။

·       ကလေးတွင် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၅ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပြည်ထောင်သာရပ်ကွက်မှ စစ်ကောင်စီသတင်း ပေးဟု စွပ်စွဲခံရသူ အောင်စိုး သည် ယနေ့ နံနက်ပိုင်းတွင် မုံရွာတောင်ပိုင်း PDF က ပစ်သတ်လိုက်ကြောင်း PDF-South Monywa က သတင်းထုတ် ပြန် သည်။

·       ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းမြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၅ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက်ရှိ ပန်းမွန်ချောင်းတံတားအနီးတွင် မိုင်းရှာဖွေနေသော စစ်ကောင်စီ တပ်ဖွဲ့အား အောက်တိုဘာလ ၄ ရက် ညနေပိုင်းတွင် ကလေး PDF မှ စောင့်ကြိုတိုက်ခိုက်လို့ စစ်ကောင်စီ တပ်သား ၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း သတင်းရရှိသည်။

·       အမျိုးသားညီညွတ်ရေးအစိုးရ NUG အား‌ ထောက်ခံကြိုဆိုကြောင်းနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ၊ PDF တပ်ဖွဲ့များ တိုက်ပွဲတိုင်းနိုင်ပါစေဟု ကြွေးကြော်ကာ အောက်တိုဘာလ ၅ ရက် နံနက်တွင် ရွှေဘိုမြို့နယ် ကျေးရွာ ၁ ရွာရှိ တော်လှန်ပြည်သူများစည် ဖက်ဆစ်စစ်တပ် ဖြုတ်ချရေး ချီတက်ဆန္ဒပြကြသည်။

·       ထီးချိုင့်မြို့တွင် ည ၈ နာရီ ပြည်သူများ အပြင်မထွက်ကြရန်နှင့် ကားများ သွားလာခြင်း မပြုရန် ထီးချိုင့် PDF က စက်တင်ဘာလ ၂၄ ရက်နေ့တွင် အသိပေး ပန်ကြားချက် အမိန့် ထုတ်ပြန်ထားပြီး အဆိုပါ အမိန့်ကို မလိုက်နာသော ဆီသယ်ယာဉ်တစ်စီးကို ယမန်နေ့ညပိုင်း မိုင်းခွဲ သတိပေးလိုက်ကြောင်း၊ သတိပေးမှုတွင် လူအထိအခိုက်မရှိဘဲ သတိပေးမှု သက်သက်သာသာ ဖြစ် ကြောင်း သိရှိရသည်။

·       စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် လုံခြုံရေးစိုးရိမ်ရသဖြင့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦး တစ်ပြိုင်တည်း ယမန်နေ့က နုတ်ထွက်သွားပြီး တစ်မြို့နယ်လုံးနီးပါး နုတ်ထွက်ရန် ပြင်ဆင်နေကြကာ လက်ရှိ တွင် အခြေခံအုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း နုတ်ထွက်သွားသည့် ကျေးရွာအုပ်ချုပ် ရေးမှူးများထံမှ သိရှိရသည်။

·       ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယနေ့ အောက်တိုဘာလ ၄ရက်နေ့က ဖက်ဆစ် စစ်ကောင်စီ အလိုမရှိကြောင်း ပြည်သူများ ပြည်သူများ ဦးဆောင်ကာ သံပုံးတီး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       အကြမ်းဖက်စစ်ကောင်စီကို တိုက်ပွဲဝင်မည့် စစ်ကိုင်းတိုင်း၊ အင်းတော် PDF အဖွဲ့ကို သီးသန့်ဖွဲ့စည်းထား ကြောင်း ပြည်သူလူထုအား အသိပေးထုတ်ပြန်ထားသည်။

·       အခြေခံပညာ CDM ပညာရေး ဝန်ထမ်းများ ပူးပေါင်းကာ ယနေ့ အောက်တိုဘာလ ၅ရက်နေ့တွင် ကျရောက် သည့် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့တွင် အကြမ်းဖက် စစ်ကောင်စီကို အဆုံးထိ CDM ပြုလုပ် တိုက်ပွဲ ဝင်ကြရန် Online လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       မကွေးတိုင်း၊ ရေနံချောင်းမြို့၊ ရွာသစ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးမောင်ကိုသည် အောက်တိုဘာလ ၄ ရက်တွင် သေနတ်ဖြင့် ၂ ချက်ပစ်ခံရပြီး မကွေးဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသ နေရသည်ဟု သတင်းရရှိသည်။

·       မကွေးတိုင်း၊ ပခုက္ကူမြို့တွင် အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်း ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေး သပိတ်အဖြစ် ပြည်သူတချို့က ဆန္ဒပြကြသည်။

·       မကွေးတိုင်းအတွင်းရှိ CDM ကျောင်းဆရာဆရာမများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၅ရက်နေ့တွင် ကျရောက်သည့် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့တွင် အကြမ်းဖက် စစ်ကောင်စီကို အဆုံးထိ CDM ပြုလုပ် တိုက်ပွဲဝင်ကြရန် ဆန္ဒပြ "သပိတ်စွဲကိုင် တိုက်ကြ CDM မြဲခိုင်ရိုက်ချ" ၊ "ပြည်သူ့ ဆရာစွမ်းပကား ဖက်ဒရယ် ပညာရေး အရောက်သွား"၊ "ငါတို့အနာဂတ် ငါတို့ပိုင်တယ် ငါတို့တိုက်ပွဲငါတို့နိုင်မယ်" ကြွေးကြော် သံများဖြင့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဖွံဖြိုးရေးလမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယနေ့ နံ နက် ၈ နာရီ ၁ မိနစ်တွင် အဝေးထိန်းစနစ်ဖြင့် သန်လျင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TLPDF က မိုင်းဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သန်လျင်ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ထံမှ သိရှိရသည်။

·       ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ရိုးကြီးကျေးရွာ၏ NLD ရပ်ကျေးဥက္ကဌ ဦးသက်ဆွေနှင့် ယင်းကျေးရွာတွင် နေထိုင်သူ NLD တိုင်းအဆင့် အလုပ်အမှုဆောင် ဦးဇော်ဝင်းအောင် တို့၏ နေအိမ်များကို အောက်တိုဘာ ၂ ရက် ည ၇နာရီ မိနစ် ၃၀တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

·       ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် " ဒေသခံ PDF များ လာမပစ်ပါလား" ဟု အရပ်ထဲကြွေးကြော်နေ တတ်သူ အသက် ၄၀ ဝန်းကျင်အရွယ် ပျူစောထီးခေါင်းဆောင် ဦးချမ်းမင်းဦးသည် ယမန်နေ့ညနေက သေနတ် ဖြင့်ပစ်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများက‌ပြောသည်။

·       ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ CDF Senthang တပ်ဖွဲ့ထံ အကြမ်းဖက်စစ်ကောင်စီ ခလရ ၂၂၂ တပ်ရင်းမှ တပ်သား ၅ ဦးသည် MA1 သေနတ် ၂ လက်နှင့်အတူ လာရောက်ပူးပေါင်းကြောင်း ယနေ့တွင် CDF Senthang မှ သတင်းထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly