ပုသိမ်မြို့တွင် ရေယာဉ်များကိုပါ စစ်ကောင်စီက စစ်ဆေးနေ

ပုသိမ်မြို့တွင် ရေယာဉ်များကိုပါ စစ်ကောင်စီက စစ်ဆေးနေ

အောက်တိုဘာ ၃

ဧရာဝတီတိုင်း ၊ပုသိမ်မြို့တွင် စစ်ကောင်စီက ရေယာဉ်များကိုပါ ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၃၀ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများပူးပေါင်း၍ ပုသိမ်မြို့မှ ကမ်းခြေဒေသများသို့ ပြေးဆွဲနေသည့် ခရီးသည်တင်‌ေရယာဥ်နှင့်ကုန်တင်ရေယာဉ်များကို လိုက်လံစစ်ဆေးမှုများ လုပ်ဆောင်ခဲ့‌ကြောင်း သိရသည်။

“အဖွဲ့စုံနဲ့ စစ်တာတော့ နည်းတယ်။ ဒီတစ်ခါက အဖွဲ့စုံနဲ့စစ်တာ၊ စစ်တယ်သာပြောတာပါ။ ပိုက်ဆံတောင်းတာက ခပ်များများပါ။ လက်နက်ပါလားဆိုတဲ့ ပုံစံနဲ့ လာတာ၊ တကယ်ကျ မီးသွေးတွေ့ တောင်မှ ဘာမှမပြောဘူး။ သူတို့လိုချင်တာ ပိုက်ဆံပဲ။ ”ဟု အလယ်ကျွန်းဒေသသို့ ရေယာဉ်ဖြင့် ကုန်တင်ပို့ဆောင်နေသူ တစ်ဦးကပြောသည်။

အဓိက စစ်ဆေးသည့်နေရာများမှာ ကျောက်ငူကူးတို့ဆိပ်၊ ဝဲဒေါင့်ကူးတို့ဆိပ်နှင့် အမှတ် (၁) ဘောတံတားတွင် ဆိုက်ကပ်ထားသည့် ရေယာဉ်များကို စစ်ဆေးသွားသည်ဟု ဆိုသည်။

အနောက်ဘက်ကမ်းခြေအနီးတွင် PDFများသင်တန်းပေးနေသည်ဟု စစ်ကောင်စီက စွပ်စွဲကာ ဒေသခံများကို ဖမ်းဆီးမှုများလုပ်ဆောင်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ရေကြောင်းသွားယာဥ်များကိုပါ စစ်ဆေးမှု လုပ်ဆောင်လာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly