အိန္ဒိယက စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ထိရောက်စွာ လုပ်ဆောင်နေကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် ပြောကြား

အိန္ဒိယက စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ထိရောက်စွာ လုပ်ဆောင်နေကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် ပြောကြား

အိန္ဒိယနှင့် ဩစတြေးလျနိုင်ငံတို့အကြား စွမ်းအင် စီးပွားရေးပုံစံသစ်အား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးလျက်ရှိပြီး အိန္ဒိယအနေဖြင့် ထိရောက်သော စီးပွားရေး ပြုပြင်ပြေင်းလဲမှုကို လုပ်ဆောင်လျက်ရှိ ကြောင်း ဩစတြေးလျဝန်ကြီး စကော့မော်ရစ်ဆန်က စက်တင်ဘာ ၃၀တွင် ပြောကြားလိုက်သည်။

အိန္ဒိယ မီဒီယာနှင့် အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မော်ရစ်ဆန်က “နည်းပညာကို စီးပွားဖြစ်အဆင့်ထိ အသုံးချနိုင်ခြင်းဟာ စွမ်းအင်ကဏ္ဍ စီးပွားရေးပုံစံသစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ရေးမှာ အဓိကကျပါတယ်။ အိန္ဒိယက ဒါကို နားလည်ထားတယ်။ အိန္ဒိယအနေနဲ့ သူတို့နိုင်ငံရဲ့ စီးပွားရေးကို ထိရောက်စွာ လုပ်ဆောင်နေသလို အနာဂတ်မှာ သူတို့ရဲ့ ကိုယ်ပိုင် စွမ်းအင်စီးပွားရေးပုံစံကို အမှန်တကယ် ပြောင်းလဲဖို့ မျှော်မှန်းထားပါတယ်” ဟု ပြောကြားသည်။

မကြာသေးမီက QUAD အဖွဲ၏ ထိပ်သီးအစည်းအဝေးကို အဖွဲ့ဝင် ၄ နိုင်ငံစလုံးမှ ခေါင်းဆောင်များ ကိုယ်တိုင်တက်ရောက်ခဲ့ရာတွင် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် မော်ရစ်ဆန်တို့သည် ကာဗွန်ထုတ်လုပ်မှုနည်းသည့် နည်းပညာကဏ္ဍတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် အစီအစဉ်သစ်အများအပြားကို သဘောတူညီခဲ့ကြသည်။

စွမ်းအင်ကဏ္ဍ စီးပွားရေးပုံစံသစ်သို့ ဩစတြေးလျက ချည်းကပ်နေပြီး နောင်နှစ် ၃၀တွင် ကာဗွန်အသားတင် ထွက်ရှိမှု သုံညအဆင့်သို့ ရောက်ရန် မျှော်မှန်းထားသည်။

ဆက်လက်တိုးတက်ဖွံ့ဖြိုးပြီး အလုပ်အကိုင်နှင့် အခြားအရာများကို ဖန်တီးနိုင်မည့် စီးပွားရေးကို ဖြစ်ထွန်းစေသော နည်းပညာများ ရရှိနေရနှင့် ပတ်သက်၍ မော်ရစ်ဆန်က “စိတ်ရှည်ခြင်း၊ နားလည်မှုရှိခြင်း၊ လက်တွေ့ကျခြင်းအစရှိတဲ့ဟာ နည်းပညာနဲ့ ပတ်သက်လို့ လက်တွဲဆောင်ရွက်ရာမှာ အဓိကကျပြီး အကူးအပြောင်းကာလမှာ တွေ့ကကြုံရမယ့်အရာတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လိုလုပ်တယ်ဆိုတာတွေ၊ ရည်မှန်းချက်ထားယုံသာမကဘဲ လက်တွေ့အကောင်အထည်ဖော်တာတွေကို လုပ်ဆောင်ဖို့ လိုပါတယ်” ဟု ထည့်သွင်းပြောကြားသည်။

ယင်းကဲ့သို့ နည်းပညာသည် ခေတ်မီတိုးတက်သည့် နို်ငငံကြီးများအတွက်သာမက တစ်ကမ္ဘာလုံးအတွက်ပါ လိုအပ်ကြောင်း၊ စွမ်းအင် စီးပွားရေးပုံစံသစ်ကို ကမ္ဘာအနှံ့တွင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြုလုပ်ခဲ့သည့် QUAD အစည်းအဝေးတွင် အားလုံးက သဘောတူညီခဲ့သည်ဟုလည်း မော်ရစ်ဆန်က ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ စီးပွားရေး တိုးတက်ဖို့နဲ့ ကာဗွန်ထုတ်လွှတ်မှုရဲ့ သက်ရောက်မှုတွေကို သိနားလည်လာစေဖို့ ဒီစွမ်းအင်စီးပွားရေးပုံစံသစ်အပေါ် သံသယမရှိပါဘူး” ဟုလည်း ၎င်းက ပြောကြားသည်။

ကာဗွန်ထုတ်လုပ်မှုမရှိသည့် စွမ်းအင်နည်းပညာများကို ရရှိနိုင်မည်ဖြစ်ပြီး QUAD အစည်းအဝေးတွင် ဝန်ကြီးချုပ် ၂ ဦးစလုံးက ယင်းကိစ္စကို ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly