အီရန်က တရုတ်၊ ရုရှားတို့နှင့် မဟာမိတ်ဖွဲ့ခြင်းသည် အမေရိကန်အတွက် ရှင်းလင်းသည့် အဖြေတစ်ခုဖြစ်လာ

By Yahoo Finance
03 October 2021
အီရန်က တရုတ်၊ ရုရှားတို့နှင့် မဟာမိတ်ဖွဲ့ခြင်းသည် အမေရိကန်အတွက် ရှင်းလင်းသည့် အဖြေတစ်ခုဖြစ်လာ

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) တွင် အီရန်အားတင်းပြည့်အဖွဲ့ဝင်အဖြစ် ပြီးခဲ့သည့်သီတင်းပတ်က အတည်ပြုလက်ခံလိုက်ခြင်းသည် တရုတ်-ရုရှား-အီရန် သြဇာလွှမ်းမိုးမှုသောဒေသတွင် ယင်းသို့မဖြစ်စေရန် အမေရိကန်၊ အီရတ်နှင့် ရှီယားဘာသာဝင် အရှေ့အလယ်ပိုင်းအဓိကနိုင်ငံများ၏ အားထုတ်မှုများမှာ လုံးဝအချည်းနှီးဖြစ် သွားသည်။

SCO သည် ပထဝီနယ်မြေနှင့် လူဦးရေအချိုးအစားအရ ကမ္ဘာ့အကြီးမားဆုံးဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့မြေကျောတဆက်တည်းတွင် အကြီးဆုံးဖြစ်သည့် ယူအေးရှားတိုက်ကြီး၏ ၆၀ ရာခိုင်နှုန်း၊ ကမ္ဘာ့လူဦး ရေ၏ ၄၀ ရာခိုင်နှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ၂၀ ရာခိုင်နှုန်းကျော်ရှိသည်။

၁၅ နှစ်ကျော် လေ့လာသူအဆင့်ထားရှိခဲ့ပြီးနောက် အီရန်အား တင်းပြည့်အဖွဲ့ဝင်အဖြစ် အတည်ပြုလက်ခံလိုက် ခြင်းသည် ကြီးမားသည့်သက်ရောက်မှုဖြစ်ပြီး မျိုးဆက်ပေါင်းများစွာ အီရန်-တရုတ်သဘောတူညီချက် ကို အပြည့်အဝလုပ်ကိုင်နိုင်မည်ဖြစ်သလို ရုရှားက ယင်း၏အခန်းကဏ္ဍမှ နှစ်နိုင်ငံစလုံးနှင့် အတူအခိုင်အမာ ရပ်တည်မည်ဖြစ်ကာ အမေရိကန်အစိုးရသစ်နှင့် အီရန်က ချုပ်ဆိုထားသော နျူကလီးယားသဘောတူညီချက် မှန်သမျှသည် အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။

အမေရိကန်အစိုးရက မကြာသေးမီက စဉ်းစားထားသည့်အချက်မှာ အီရန်အနေဖြင့် သဘောတူမည်ဆိုပါက ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီတွင် သဘောတူခဲ့ပြီး ၂၀၁၆ခုနှစ် ဇန်နဝါရီလတွင် အကောင်အထည်ဖော်ခဲ့သည့် မူလနျူကလီးယားသဘောတူညီချက်ဖြစ်သည့် လုပ်ငန်း အကောင်ထည်ဖော်ရေး ပူးတွဲဘက်စုံစီမံချက် (JCPOA) အား ပြန်လည်ဆောင်ရွက်ပေးရန် အမေရိကန်အစိုးရက ပြင်ဆင်ထားခဲ့သည်။

အီရန်က လာမည့်သီတင်းပတ်အနည်းငယ်အတွင်း ဆွေးနွေးပွဲများပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။

“ အီရန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အရူးအမူးရုပ်သိမ်းချင်တာကြောင့် ဒါတွေကိုလုပ်လိမ့်မယ်၊ ဒါပေမယ့် သူ့ရဲ့ လှုပ်ရှားမှုကန့်သတ်ချက်တွေကို လုံးဝလိုက်နာဖို့ကတော့ အရေးကြီးပါတယ်။ ခုထိတော့ လုံးဝမ လိုက်နာ ပါဘူး” ဟု အီရန်ရေနံဝန်ကြီးဌာနနှင့် အနီးကပ်အလုပ်လုပ်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အကြီးတန်းအရာရှိတစ်ဦးက OilPrice.com ကို လွန်ခဲ့သော သီတင်းပတ်က ပြောကြားခဲ့သည်။

“ ၂၀၁၆ ခုနှစ်တုန်းက နှစ်ဖက်စလုံးအတွက် ကောင်းမွန်အလုပ်ဖြစ်မယ့် ဆက်ဆံရေးဖြစ်လာနိုင်မယ့် အီရန်နဲ့ အရှိန်အဟုန်ကောင်းတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ အမေရိကန်နဲ့ ဥရောပက တကယ့်အခွင့်အရေးရခဲ့ပေမယ့် သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၂၀၁၈ ခုနှစ်မှာ JCPOA သဘောတူညီချက်ကနေ အမေရိကန်က နုတ်ထွက်လိုက်တော့ ဒီအခွင့်အရေးဆုံးရှုံးသွားခဲ့ပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly