အောက်တိုဘာ ၁
မြစ်ကြီးနား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှာ ယနေ့နံနက်ပိုင်း က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်းသိရသည်။
မြစ်ကြီးနားမြို့သီတာရပ်ကွက်ရှိ ယာဉ်ထိန်းရဲရုံးနဲ့ကပ်လျက် ကညနဂုံးတွင် နံနက် ၉ နာရီကျော်က ပေါက်ကွဲမှုဖြစ်ပွားရာ ရုံးအဆောက်အဦမှန်များ ပျက်စီး ခဲ့သည်။
ကညနရုံးသည် ယခုရက်ပိုင်းက မြစ်ကြီးနားမြို့အပါအဝင် ပြည်နယ်အတွင်းက မြို့နယ်အချို့မှ လိုင်စင်မဲ့ ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးဖို့ ပြင်ဆင်နေချိန် လည်းဖြစ်သည်။