အာဖရိကတွင် တရုတ်နှင့် ချုပ်ဆိုထားသည့် ရင်းနှီးမြှုပ်နှံမှုစာချုပ်များကို ပယ်ဖျက်မှုများလာ

By The Weekend Leader
01 October 2021
အာဖရိကတွင် တရုတ်နှင့် ချုပ်ဆိုထားသည့် ရင်းနှီးမြှုပ်နှံမှုစာချုပ်များကို ပယ်ဖျက်မှုများလာ

အမြတ်ထုတ်ခြင်းနှင့် မမျှတသောသဘောတူညီချက်များကြောင့် အာဖရိကနိုင်ငံများသည် တရုတ်နှင့် ချုပ်ဆိုထားသော စာချုပ်များကို ပယ်ဖျက်မှုများ များပြားလာသလို တရုတ်ရင်းနှီးမြှုပ်မှုများကို ပိုမို သတိထားနေသည်။

အာဖရိကတိုက်ရှိ နိုင်ငံများတွင် တင်းမာမှုများနှင့် စိတ်ပျက်စရာများကို ဖြစ်ပေါ်စေသည့် ရင်းမြစ်ဖြစ် သော တရုတ်ကုမ္ပဏီများ၏ စိတ်ပျက်စရာလုပ်ရပ်များကြောင့် အချို့နိုင်ငံများသည် စာချုပ်များကို ဖျက်သိမ်း လိုက်သည်။

အရှေ့အာဖရိကကင်ညာနိုင်ငံမှ အနောက်ပိုင်းအာဖရိက ဂါနာနိုင်ငံမှသည် ဗဟိုအာဖရိကနိုင်ငံဖြစ်သော ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအထိ အာဖရိကတစ်ဝန်းရှိ နိုင်ငံများသည် တရုတ်နှင့်ချုပ်ဆိုထားသော သဘောတူ စာချုပ်များကို ဖျက်သိမ်းခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းများပြုလုပ်နေသည်။

အာဖရိကတွင် ပယ်ဖျက်လိုက်သော စီမံကိန်းအများစုမှာ ခါးပတ်လမ်းစီမံကိန်းများနှင့် တစ်စိတ် တစ်ပိုင်း သက်ဆိုင်နေသောကြောင့် တရုတ်အနေဖြင့် အလွန်အမင်းစိုးရိမ်လာပြီး ပိုမိုအခက်ကြုံလာသည်ဟု The Singapore Post က သတင်းဖော်ပြခဲ့သည်။

၂၀၂၀ပြည့်နှစ် ဇူလိုင်လတွင် မီးရထားလမ်းတည်ဆောက်ရေးအတွက် ကင်ညာနှင့် တရုတ် သဘောတူထား သည့် ဒေါ်လာ ၃ ဒသမ၂ ဘီလီယံစာချုပ်ကို ဖျက်သိမ်းရန် ကင်ညာတရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ခြင်းဖြင့် ယခုဖြစ်ရပ်များ စတင်ခဲ့သည်။

စီမံကိန်းတစ်ခုလုံးကို တရားမဝင် ဟုဆိုကာ ပယ်ဖျက်လိုက်ပြီး မီးရထားလမ်းစီမံကိန်းကို ရယူရာတွင် နိုင်ငံပိုင် ကင်ညာမီးရထားဌာနသည် တိုင်းပြည်၏ ဥပဒေကိုလိုက်နာရန်ပျက်ကွက်ခဲ့ကြောင်း တရားရုံးက ဆိုခဲ့သည်။

ငွေကြေးအခက်ကြုံနေသောဗဟိုအာဖရိကနိုင်ငံဖြစ်သည့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) သည် တရုတ်နှင့် လက်မှတ်ရေးထိုးခဲ့သည့် သတ္တု တွင်းသဘောတူညီချက်များကိုပြန်လည်သုံးသပ်ရန် တောင်းဆို လိုက်သည်။

ကွန်ဂို သမ္မတ ဖေလဇ်က မမျှတသော သဘောတူညီချက်များဟုခေါ်ဝေါ်ခဲ့ပြီး "တရုတ်- ကွန်ဂို စာချုပ်၏ နည်းပညာ ဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ်အချက်အလက်များ" ကို တောင်းဆိုလိုက်ပြီး တိုင်းပြည်အတွက်မျှတသော သဘောတူညီချက်များရရှိလိုကြောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required