လှည်းကူးတွင် ဒလန်ဟုအမည်ထွက်နေသူ အမျိုးသား ပစ်သတ်ခံရ

လှည်းကူးတွင် ဒလန်ဟုအမည်ထွက်နေသူ အမျိုးသား ပစ်သတ်ခံရ

စက်တင်ဘာ ၃၀

လှည်းကူးမြို့တွင် ဒလန်ဟုအမည်ထွက်နေသူ ဆိုင်ကယ်ကယ်ရီသမား ဦးကျော်မိုးသူအား ယနေ့ စက်တင်ဘာ ၃၀ရက် ညနေ ၄နာရီဝန်းကျင်၌ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း မြို့ခံများကပြောသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ မြို့မရပ်ကွက်၊တပင်ရွှေထီးလမ်းတွင် အသက် ၄၀ ဝန်းကျင် အရွယ် ဦးကျော်မိုးသူ သည် သေနတ်ဖြင့် သုံးချက် ပစ်သတ်ခံရသည်ဟုသိရသည်။

ဦးကျော်မိုးသူသည် တပင်ရွှေထီးလမ်းတွင် နေထိုင်သူဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တွဲသွားတွဲလာပြုလုပ်တတ်သူဟု မြို့ခံများကဆိုသည်။

သြဂုတ် ၂၄ရက်ကလည်း ၎င်းရှိသည့် တပင်ရွှေထီးလမ်းဝန်းကျင်၌ပင် သေနတ်ဖြင့် အပစ်ခံရပြီး လည်ပင်းကို ကျည်ဆန် ထိမှန်ခဲ့ဖူးသေးကြောင်းသိရသည်။

၎င်း၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းက လာရောက်သယ်ဆောင်သွားပြီး အနီးအနားဝန်ကျင်တွင် စစ်ကောင်စီတပ်များက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly