ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသော စစ်သင်္ဘော ၃ စီးကို ကနီကာကွယ် ရေးတပ် တိုက်ခိုက်၊ စစ်ကောင်စီဘက်က " ဆုံးရှုံးမှုအများဆုံး တိုက်ပွဲ" ဟုဆို

ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသော စစ်သင်္ဘော ၃ စီးကို ကနီကာကွယ် ရေးတပ် တိုက်ခိုက်၊ စစ်ကောင်စီဘက်က " ဆုံးရှုံးမှုအများဆုံး တိုက်ပွဲ" ဟုဆို

စက်တင်ဘာ ၃၀

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော လက်နက်ခဲယမ်းနှင့် ရိက္ခာ များတင်ဆောင်လာသည့် စစ်ကောင်စီတပ်သင်္ဘောသုံးစီးကို ယနေ့နံနက် အစောပိုင်းမှစတင်၍ ပစ်ခတ်တိုက်ခိုက်မှုများလုပ်ခဲ့ကြောင်းနှင့် " စစ်ကောင်စီ ဘက်က ဆုံးရှုံးမှု အများဆုံးတိုက်ပွဲဟု" ကနီကာကွယ်ရေးတပ်က ထုတ်ပြန် လိုက်သည်။

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ချင်းတွင်းမြစ်အတွင်း ဆန်တက်လာနေသည့် စစ်သင်္ဘောများကို နံနက် ၆ နာရီကစတင်၍ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပွတ်လုံးပွတ်လန်တောင်ကွေ့အနီးဝဲယာတွင်တစ်ကြိမ်၊ ဆင်တော်ဝဲကွေ့တွင်တစ်ကြိမ်နှင့် မြွေပိုင်းတောင်အနီးတွင် တစ်ကြိမ်တိုက်ခိုက် ခဲ့သည်ဟု ဆိုသည်။

ကာကွယ်ရေးတပ်ဘက်က ရဲဘော်ငါးဦး အသက်အန္တရာယ်မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရရှိမှုစာရင်းကို မသိရပါ။

သို့သော် " ချင်းတွင်းမြစ်ကြောင်းအတွင်း တိုက်ပွဲတွေမှာ ယနေ့တိုက်ပွဲ ကတော့ စစ်ကောင်စီဘက်က ဆုံးရှုံးမှု့ အများဆုံးတိုက်ပွဲဖြစ်တယ်" ဟု ကနီ PDF က ထုတ်ပြန်ထားသည်။

စစ်အမြန်ယာဉ်သည် စက်တင်ဘာ၂၈ရက်နေ့က မုံရွာမြို့အလုံဆိပ်ကမ်းကနေ လက်နက်ခဲယမ်း ၊ ရိက္ခာများ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ဆောင်လာပီး နောက်ထပ်အ မြန်ရေယာဉ်နှစ်စီးအစောင့်အရှောက်နဲ့ ဆန်တက်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required