ဝီဂါလုပ်သားများအား အဓမ္မစေခိုင်းမှုအပေါ် ဂျာမနီတွင် လူ့အခွင့်အရေးအဖွဲ့က တိုင်ချက်ဖွင့်

By Just Earth News
29 September 2021
ဝီဂါလုပ်သားများအား အဓမ္မစေခိုင်းမှုအပေါ် ဂျာမနီတွင် လူ့အခွင့်အရေးအဖွဲ့က တိုင်ချက်ဖွင့်

တရုတ်ပြည်မှ ဝီဂါအလုပ်သမားများအား အတင်းအဓ္ဓမဖိအားပေးစေခိုင်းမှုဖြင့် ထုတ်လုပ်ထားသည့် ထုတ်ကုန် များနှင့် ဆက်စပ်နေသည့် နာမည်ကြီး ချည်ထည်လုပ်ငန်းအမှတ်တံဆိပ်များနှင့် လက်လီရောင်းချသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာဥရောပစင်တာ (ECCHR)က ရာဇဝတ်မှုတစ်ခု အနေဖြင့် ဂျာမနီတွင် တိုင်ချက်ဖွင့်ထားသည်။

တရုတ်အနောက်ပိုင်း ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XUAR) တွင် ဝီဂါလူနည်းစုအား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်အဓမ္မလုပ်အားပေးစေခိုင်းမှုတွင် အားပေးအားမြှောက်ပြု ခြင်းဖြင့် အကျိုး အမြတ်များရရှိနေသည်ဟု Hugo Boss၊ Lidlနှင့် အခြားကုမ္ပဏီများ စွပ်စွဲခံထားရသောကြောင့် အဆိုပါ လုပ်ငန်းများအနေဖြင့် လူသားချင်း မစာနာသည့် ရာဇဝတ် မှုများနှင့် ပတ်သက်ဖွယ်ရှိနေသည်။

တရုတ်အစိုးရသည် ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XUAR) တွင် ဝီဂါများအား ဝါဂွမ်းထွက်သည့် ဒေသ၌ ချည်ထည် လုပ်ငန်းလုပ်ကိုင်ရန်နှင့် ချည်ခင်ထောက်ပံ့ရန်၊ အသင့်ချုပ် အဝတ် အထည် ကဏ္ဍတွင်လုပ်ကိုင်ရန် အတင်းဖိအားပေးနေသည်ဟူသော နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ကြီး၏ အစီရင်ခံချက်များကဲ့သို့သော အစီရင်ခံစားများ ပိုမိုထွက်ပေါ်လာနေသည်။

နိုင်ငံတကာဥပဒေပညာရှင်များကဒေသတွင်း၌ ဝီဂါများအားဆက်ဆံပြုမှုနေမှုများကို လူသားချင်း မစာနာသည့်ရာဇဝတ်မှုများအဖြစ်သတ်မှတ်ထားသည်။

သို့သော် ဥရောပအဝတ်အထည်အမှတ်တံဆိပ်များနှင့် လက်လီရင်းမြစ်များသည် မကြာသေးခင်ကာလအထိ ထိုဒေသရှိကုမ္ပဏီများမှ ကုန်ပစ္စည်းများကို ရရှိနေသေးကြောင်း ၎င်းတို့ထုတ်ပြန်သည့် ပစ္စည်းထောက်ပံ့သူ စာရင်းအရ သိရသည်။

ကုမ္ပဏီများသည် ယင်းတို့ သတိထားသင့်သည့် အန္တရယ်တစ်ခုဖြစ်သော အဓမ္မလုပ် အားပေးခိုင်းစေမှုကို အခြေခံသည့် စီးပွားရေးပုံစံတစ်ခုတွင် ဝင်ရောက် ကူညီနေကြောင်း ECCHR က ဆိုသည်။

ထို့ကြောင့်ဥရောပကုမ္ပဏီများသည် လူ့အခွင့်အရေးချိုးဖောက်မှုများမှ အမြတ်ရနေသည်။

ဂျာမနီတွင် တရားစွဲထားမှုများနှင့် ပတ်သက်၍ ဥရောပ ကုမ္ပဏီ များ၏ မန်နေဂျာများ၏ နိုင်ငံတကာ ရာဇဝတ်မှုများတွင် ပါဝင်သတ်မှုများကို ဥပဒေကြောင်းအရ စတင်စုံစမ်းရန် နိုင်ငံတော်ပြည်သူ့ရှေ့နေများကို ECCHR က တောင်းဆိုထားကြောင်း လူ့အခွင့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly