တမူးနယ်တွင် ဂေါ်ရ်ခါး ပြည်သူ့ကာကွယ်ရေးတပ် (GDF)ဖွဲ့စည်း

တမူးနယ်တွင် ဂေါ်ရ်ခါး ပြည်သူ့ကာကွယ်ရေးတပ် (GDF)ဖွဲ့စည်း

စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် တမူးပြည်သူ့ကာကွယ်ရေးတပ် PDF (Tamu) တပ်ရင်း ၁ ၏ လမ်းညွှန်မှုဖြင့် ဂေါ်ရ်ခါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Gurkha Defence Force -GDF) ကို ဖွဲ့စည်း ကြောင်း စက်တင်ဘာ၂၈ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

၎င်းတို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီဌာန (MOD) တို့၏ လမ်းညွှန်ချက်များနှင့်အညီ PDF (Tamu) တပ်ရင်း ၁ ကွပ်ကဲမှု အောက်မှ အခြားသော PDF များနှင့်အတူ စစ်အာဏာရှင် ကျဆုံးသည်အထိ စစ်ကောင်စီ နှင့်အပေါင်းအပါများအား အမြစ်ပြတ်ချေမှုန်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုအခါ ဂေါ်ရ်ခါးလူငယ်များသည် PDF (Tamu) တပ်ရင်း ၁ လက်အောက်တွင် တာဝန်ထမ်း ဆောင်လျက်ရှိပြီး ဒေသအသီးသီးရှိ PDF တပ်ရင်းတပ်ဖွဲ့များတွင် တာဝန် ထမ်းဆောင်နေသည့် မြန်မာနိုင်ငံသား ဂေါ်ရ်ခါးပြည်သူများ၊ မြန်မာပြည်ဖွား ဂေါ်ရ်ခါး လူငယ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required