ပါကစ္စတန်သည် အာဖဂန်နစ္စတန်တွင် အဓိက ပြဿနာဖြစ်ကြောင်း ကျွမ်းကျင်သူများ ပြောကြား

ပါကစ္စတန်သည် အာဖဂန်နစ္စတန်တွင် အဓိက ပြဿနာဖြစ်ကြောင်း ကျွမ်းကျင်သူများ ပြောကြား

စစ်ဒဏ်ခံနေရသော တိုင်းပြည်ကို ထိန်းချုပ်လိုက်ပြီးနောက် တာလီဘန်များက ၎င်းတို့၏ စရိုက်မှန်ကို ပြသနေသော်လည်း ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုများ ရရှိလာသည်။ မကြာသေးမီက ဥရောပပါလီမန်ဆုံးဖြတ်ချက်သည် အာဖဂန်နစ္စတန်တွင် ပါကစ္စတန်၏ အခန်းကဏ္ဍကို ထောက်ပြထားပြီး ပါကစ္စတန်က ကမ္ဘာကြီးကို လှည့်ဖျားနေသည်မှာ အံ့သြစရာ မဟုတ်ကြောင်း ကျွမ်းကျင်သူ များက ဆိုသည်။

ပါကစ္စတန်က တာလီဘန်များအတွက် ရှေ့နေလိုက်ပြောကြားပေးနေသည်ကို ကမ္ဘာအား ဖုံးကွယ်မထား ကြောင်း တောင်အာရှ လေ့လာရေးဆိုင်ရာ ဥရောပဖောင်ဒေးရှင်း (EFSAS) မှ ကျွမ်းကျင်သူများက ဆိုသည်။

ပါကစ္စတန်ဝန်ကြီးချုပ် အီမာရမ်ခန်က တာလီဘန်များအား ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုပေးရန် ပါကစ္စတန်၏ ရပ်တည်ချက်ကို မကြာသေးမီက လူတွေ့မေးမြန်းခန်းတစ်ခုတွင် ထပ်လောင်းပြောကြားခဲ့သည်။

တာလီဘန်ထိပ်တန်းခေါင်းဆောင်များက လက်ဖြတ်ခြင်းနှင့် မစစ်ဆေးဘဲ ကွပ်မျက်ခြင်းများ ပြုလုပ်နေသည်ဟူသော သတင်းများထွက်ပေါ်နေသည်။

ယခင်တာလီဘန်အစိုးရ (၁၉၉၆ မှ ၂၀ဝ၁ ခုနှစ်) အတွင်း အာဖဂန်နစ္စတန်၏ နိုင်ငံခြားရေးဝန်ကြီး မူလာတူလာဘီက အာဖဂန်နစ္စတန်နိုင်ငံသားများ၏ ခြေလက်များနှင့် ဦးခေါင်းများကို ဖြတ်နေကြောင်း ကြေညာနေချိန်တွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားကွာရက်ရှ်ရှီက ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) တွင် နိုင်ငံတကာအသိုင်းအဝိုင်းက တာလီဘန်များအား သံတမန်ရေးရာအသိအမှတ်ပြုမှုသို့ဦး တည်သော လမ်းပြမြေပုံတစ်ခုရေးဆွဲရေးကို ထောက်ခံကြောင်း ပြောဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် တရုတ်ကလည်း အာဖဂန်နစ္စတန်၏ သယံဇာတများကို အလွန်အမင်း လိုချင်မှုကြောင့် ပါကစ္စတန်၏ တိုက်တွန်းမှုကဲ့သို့ပင် အာဖဂန်နိုင်ငံအတွက် ရန်ပုံငွေများကို ထိန်းချုပ်ထားမှုအား တာလီဘန်များ အတွက် ဖြေလျော့ပေးရန် တောင်းဆိုခဲ့သည်။

အစွန်းရောက်ဝါဒတွင် ယင်းကဲ့သို့ နက်ရှိုင်းစွာ ရင်းနှီးမြှုပ်နှံနေသော ပါကစ္စတန်သည် အစွန်းရောက် အစ္စလာမ္မစ်များလက်ထဲသို့ ပါကစ္စတန်၏ နျူကလီးယားလက်နက်များရောက်ရှိသွားမည်ကို စိုးရိမ်သော အစီရင်ခံစာများ လွန်ခဲ့သော သတင်းပတ် ထွက်ပေါ်လာနေခြင်းက အံ့သြစရာမဟုတ်ကြောင်း EFSAS အဖွဲ့က ပြောကြားခဲ့သည်။

ယင်းအချက်များကို အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး (NSA) ဂျွန်အာဘော်လ်တန်နှင့် အီတလီ စာရေး ဆရာနှင့် သတင်းစာဆရာ ဖရန်စစ်စကာမာရီနိုတို့ အပါအဝင်ကျွမ်းကျင်သူများက ဆွေးနွေးငြင်းခုံခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly