ကနေဒါနိုင်ငံသား ၁၀၀ ကျော် အကြောင်းအမျိုးမျိုးကြောင့် တရုတ်အကျဉ်းထောင်အတွင်း ရှိနေသေး

ကနေဒါနိုင်ငံသား ၁၀၀ ကျော် အကြောင်းအမျိုးမျိုးကြောင့် တရုတ်အကျဉ်းထောင်အတွင်း ရှိနေသေး

ကနေဒါနိုင်ငံသား ၂ဦးဖြစ်သည့် မိုက်ကယ်ကိုဗာရစ်နှင့် မိုက်ကယ်စပါဗာတို့ကို လွှတ်ပေးလိုက်သော်လည်း တရုတ်နိုင်ငံတွင်း အကျဉ်းထောင်များတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် ကနေဒါနိုင်ငံသား ၁၀၀ ကျော်ရှိနေသေးကြောင်း သတင်းများထွက်ပေါ်လာသည်။

ယခုလွတ်မြောက်လာသူ ၂ ဦးသည် တရုတ်နိုင်ငံတွင် ၃ နှစ်နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါက စက်တင်ဘာ ၂၄ ရက်က ပြောကြားသည်။

National Post သတင်းဖော်ပြချက်တွင် တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် ကနေဒါနိုင်ငံသား ၁၁၉ ဦး ရှိနေသေးသည်ဟု ရေးသားထားသည်။ အချို့ကို နိုင်ငံရေး၊ ဘာသာရေး စွပ်စွဲချက်များ ဖြင့် ဖမ်းဆီးထားပြီး အချို့ကို မူးယစ်ဆေးဝါးမှုနှင့် အချို့ကို ကိုဗာရစ်နှင့် စပါဗာတို့ကဲ့သို့ သူလျှိူမှုဖြင့် ဖမ်းဆီးထားသည်။

ကနေဒါနိုင်ငံသားများအား တရုတ်နိုင်ငံ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့ရှိ အကျဉ်းထောင်များ၊ ထိန်းသိမ်းရေးစခန်း များနှင့် ဆေးရုံများတွင် ဖမ်းဆီးထားသည်ဟုလည်း တရားဝင် သတင်းထုတ်ပြန်ချက်များကို ကိုးကား၍ ကနေဒါနိုင်ငံ သတင်းများတွင် ဖော်ပြထားသည်။

ယခုအရေအတွက်သည် ကနေဒါအစိုးရက သိရှိထားသည့် အရေအတွက်သာ ရှိသေးကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

စာရင်းရရှိသူများတွင် ဝီဂါတိုင်းရင်းသားတို့အရေးကို ကူညီဆောင်ရွက်ခြင်းကြောင့် အကြမ်းဖက် ပုဒ်မများဖြင့် ထောင်ဒဏ် ၁၅ နှစ်နီးပါး ချမှတ်ခံထားရသည် ဟူစီရင် စယ်လီ၊ Falun Gong စိတ်ကျင့်စဉ်ကုထုံး ပညာရှင်တစ်ဦး အဖြစ် ၈ နှစ်ကြာ ထောင်ဒဏ်ချမှတ်ခံထားရသည့် စွန်ကျိယန်းတို့လည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly