အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲများကြောင့် သေဆုံးသူ ၁၀၀ ကျော်

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲများကြောင့် သေဆုံးသူ ၁၀၀ ကျော်

စက်တင်ဘာ ၂၇

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲပေါင်း ၇၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၀၁ ဦး အထိ ရှိကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) က ယနေ့တွင် သတင်းထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ်တွင် ၂၈ ကြိမ်၊ လွိုင်ကော်မြို့နယ်တွင် ၁၃ ကြိမ်၊ ဖယ်ခုံမြို့နယ်တွင် ၁၀ ကြိမ် ၊ လွိုင်လင်လေးမြို့တွင် ရှစ် ကြိမ်၊ မိုးဗြဲမြို့တွင် ငါး ကြိမ် ၊ ဘောလခဲမြို့နယ်တွင် ငါးကြိမ် ၊ ဖရူဆိုမြို့နယ်တွင် ကိုးကြိမ်နှင့် ဖားဆောင်းမြို့နယ်တို့တွင် တစ်ကြိမ်ဖြစ်ပွားခဲ့သည်။

သေဆုံးသူများမှာ သပိတ်အတွင်းသေဆုံးသူ နှစ်ဦး၊ စစ်ကောင်စီဘက်မှ အရပ်သားများကို အကြောင်းမဲ့ ပစ်သတ်မှုကြောင့် သေဆုံးသူ ၇၂ ဦး၊ စစ်ဘေးရှောင်စဉ် သေဆုံးသူ ခြောက်ဦး နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF )နှင့် လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်များမှ သေဆုံးသူ ၂၁ ဦးတို့ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းသော စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသူ ၁၄၇ ဦး ရှိပြီး ပုဒ်မ ၅၀၅ (က)ဖြင့် အများဆုံး တရားစွဲဆို ခံထားရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုရက်ပိုင်းများအတွင်း ဒီးမော့ဆိုမြို့နယ် တွင် တိုက်ပွဲများ ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက နေအိမ်ပေါင်း ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များ၏ လက်နက်ခဲယမ်း အချို့နှင့် ဆက်သွယ်ရေးပစ္စည်း အချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly