စက်တင်ဘာ ၂၇
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီး အရှေ့ဘက်ကမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်းတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။
"ည ၉နာရီ၂၀ က အသံကြားတာ၊ အကျယ်ကြီးပဲ၊ အရှေ့ဘက်ကမ်းရုံးထဲပေါက်တာ၊ လက်လုပ်မိုင်းထင်တယ်၊မြေတွေကွဲထွက်သွားတယ်လို့တော့ကြားတယ်၊ အထိအခိုက်ဘာညာတော့ မကြားမိဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။
လှည်းကူးမြို့နယ် ပြည်သူ့ကာကွာရေးတပ်ဖွဲ့ကလည်း ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲမှုနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၂၅ရက်နေ့ မနက်ပိုင်းကလည်း လှည်းကူးမြို့၊ ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းသိရသည်။