စစ်ကောင်စီက ချင်းပြည်နယ်အတွင်း စစ်ဆင်ရေးများတိုးလုပ်လာမည်ဟုစိုးရိမ်

စစ်ကောင်စီက ချင်းပြည်နယ်အတွင်း စစ်ဆင်ရေးများတိုးလုပ်လာမည်ဟုစိုးရိမ်

ချင်းပြည်နယ်၊စက်တင်ဘာ - ၂၆

ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်များက စစ်ဆင်ရေးများတိုးလုပ်လာလိမ့် မည်ဟူသော ကောလာဟလများ ထွက်ပေါ်နေပြီး ပြည်သူအချို့ကလည်း စိုးရိမ် ပူပန်မှုများရှိနေသည်။

ချင်းပြည်နယ်အတွင်းယခုရက်ပိုင်း ဂျက်တိုက်လေယာဉ်နှင့် စစ်ဘက်ရဟတ် ယာဉ်များပျံသန်းမှုများရှိနေပြီး အင်တာနက်လိုင်းများဖြတ်တောက်ခြင်းက ဒေသခံကာကွယ်ရေးတပ်များကိုချေမှုန်းရန်လုပ်ဆောင်နေသည်ဆိုသော သတင်း စကားများကို ထပ်လောင်းတိုးစေလာသည်။

ထို့အပြင် ပြည်နယ်မြို့တော် ဟားခါးရှိ အစိုးရအဖွဲ့ရုံးအနီးပတ်ဝန်းကျင်မှ နေအိမ်များနှင့် ရဲစခန်းအနီးအနားရှိနေအိမ်များကို စစ်ကောင်စီတပ် များက ပြောင်းရွေ့ခိုင်းနေသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

စစ်ရေးလေ့လာသူတစ်ဦးကတော့ ''ချင်းကိုတော့အပြတ်ချမဲ့သဘောရှိနေ တယ်။ ကျွန်တော်တို့သိထားတာ ချင်း၊မကွေး၊စစ်ကိုင်းတိုင်မှာ စစ်ကောင်စီ တပ်တွေတော်တေ်ာလေးအထိနာနေတယ်'' ဟု ပြောသည်။

သို့သော် လူမှုအဖွဲ့အစည်းတစ်ခုတွင် အတွင်းရေးမှူးတာဝန်ယူထားသူတစ်ဦး ကတော့ " ကျွန်တော်တို့ကတော့ ဒီသတင်းကို အတိအကျမသိရသေးဘူး။ ဒါပေမယ့် ချင်းပြည်နယ်မှာCNA၊ CDFတွေကို နှစ်ပတ်အတွင်း ချေမှုန်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာတော့သေချာတယ်။နောက်တစ်ခုစိုးရိမ်မိတာ တစ်ခု ရှိတယ်။ ကျွန်တော်တို့ပလက်ဝမြို့နယ်ထဲကဝက်မရွာကို လေယာဉ်နဲ့ ဗုံးကျဲလို့ တစ်ရွာလုံး မီးလောင်ပြီး အခုဆမီး စစ်ဘေးရှောင်စခန်းတွေမှာ ရှိနေ သေးတယ်၊မင်းတပ်မှာလည်း ရွာတွေမှာစစ်ရှောင်နေရတဲ့သူတွေခု ထိမပြန်နိုင် သေးဘူး၊ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထန်တလန်မြို့မှာလည်း လက်နက်ကြီးနဲ့ ပစ်လို့ မြို့လုံးကျွတ်အိန္ဒိယနယ်စပ်မှာ ထွက်ပြေးနေရပြန်တယ်။နောက်တစ်ခါ ဘယ်မြို့နယ်ကမြို့လုံးကျွတ်ထွက်ပြေးရမလဲ ဆိုတဲ့စိုးရိမ်ပူပန်စိတ်တော့ ရှိနေ တယ်။ဟု ပြောသည်။

ချင်းပြည်နယ်အတွင်း CNA (ချင်းအမျိုးသားတပ်ဦး)၊ CDF (ချင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့) ၊ CNO(ချင်းအမျိုးသားအဖွဲ့)၊ CDM(Civic Defence Militia – Siyin) နှင့် PDF Zoland (People’s Defence Force - Zoland တို့အပါအဝင် ဒေသအလိုက်ဖွဲ့စည်းထားသော ကာကွယ်ရေးတပ်များရှိသည်။

ဟားခါးမြို့မှဘာသာရေးဆရာတော်တစ်ပါးက''ဖြစ်နိုင်ရင် ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ မတတ်သာလို့ တိုက်ကြမယ် ရှင်းကြ မယ်ဆိုရင် နှစ်ဖက်စလုံးအနေနဲ့ ပြည်သူ့လူထုအသက် အိုးအိမ်များ ၊ပစ္စည်းများI ဘာသာရေးအဆောက်အဦးများကိုတော့ ရှောင်ရှားဖို့လိုတယ်။ သတင်းတွေမှာ ကြားရမြင်ရတဲ့အတိုင်းဆိုရင်တော့ CDFတွေကို မတွေ့ရင်၊မမိရင် ပြည်သူတွေ တွေ့သမျှသတ်l လူမမိရင် အိမ်တွေမီးရှို့ ဖြစ်နေတော့ တော်တော့်ကိုစိုးရိမ်နေရ ပါတယ်။ ကိုယ့်အသင်းသူ/သားများအတွက် ဘယ်လို လုပ်ပေးရမှန်းတောင်ခက် နေပါတယ်''

လက်ရှိ ချင်းပြည်နယ်အတွင်း ဟားခါး၊ထန်တလန်၊မင်းတပ်၊ဖလမ်း နှင့်မတူပီ မြို့နယ်ရှိရွာတချို့ စစ်ဘေးရှောင်နေကြရသည်။ အထူးသဖြင့် ထန်တလန်မြို့ သည် မြို့လုံးကျွတ်နီးပါစစ်ဘေး ရှောင်နေရသည့်မြို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly