ကပစတပ်တွင်းရန်ပွဲကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေး သေဆုံး

ကပစတပ်တွင်းရန်ပွဲကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေး သေဆုံး

စက်တင်ဘာ ၂၅

ဂန့်ဂေါမြို့နယ်တွင်းရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံတွင် မိန်းမ အချင်းချင်း စကားများရန်ဖြစ်ရာမှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ဓားဒဏ်ရာများဖြင့်သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကျောရွာ၏မြောက်ဖက်ရှိ ကပစ -၂၃ တွင် စက်တင်ဘာ ၂၄ ရက်နေ့ နေ့လည်က ပိုက်ဆံပျောက်မှုနှင့် စစ်သည် ဇနီးမယားနှစ်ဦး အချင်းများကြရာ မိခင်နှင့်လိုက်ပါသွားသော ကလေးငယ်ကို ဓားထိုးမိခြင်းဖြစ်သည်။

“ အဲ့စစ်သားမိန်းမက သူများငွေတွေကို ခိုးတာတဲ့။ အရင်တည်းက အဲ့လိုခိုးနေ တာတဲ့။ ဘေးအိမ်က စစ်သားမယားနဲ့ ရန်ဖြစ်ကြတာ။ သူ့ငွေကို သွားခိုးလို့ ဆိုပြီး ရန်ဖြစ်ကြတာ။ ကလေးကို ဓားထိုးမိတာ ငါးချက်တောင် ” အဆိုပါ အဖြစ်အပျက်ကို ကောင်းစွာသိနေသော ဒေသခံတစ်ဦးက ပြောသည်။

မိန်းကလေးငယ်အား ဆေးရုံပို့ကြသော်လည်း လမ်းတွင်ပင် သေဆုံးသွားခြင်းဟု သိရသည်။

ကာကွယ်ရေးတပ် PDF များ အင်အားကောင်းရာ ဂန်ဂေါမြို့ကို လက်ရှိတွင် အင်တာနက်လိုင်းများဖြတ်တောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly