တရုတ်ထုတ် မောင်းသူမဲ့လေယာဉ်စနစ်များ၏ ချို့ယွင်းချက်များကြောင့် ပါကစ္စတန်၏ စစ်ရေးစွမ်းရည်ကို ထိခိုက်စေ

တရုတ်ထုတ် မောင်းသူမဲ့လေယာဉ်စနစ်များ၏ ချို့ယွင်းချက်များကြောင့် ပါကစ္စတန်၏ စစ်ရေးစွမ်းရည်ကို ထိခိုက်စေ

တရုတ်ထုတ်မောင်းသူမဲ့လေယာဉ်စနစ်များ (UAS) ၏ချို့ယွင်းချက်များကြောင့် ပါကစ္စတန်၏ စစ်ရေးစွမ်းရည်ကို ထိခိုက်စေကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက်ပညာရှင်အဖွဲ့ တစ်ခုက ဆိုသည်။

စတင်ထုတ်လုပ်ပြီး ရက်အနည်းငယ်အတွင်း ချွတ်ယွင်းချက်များကြောင့် UAS များသည် မြေပြင်၌သာ ရှိနေသေးသဖြင့် ပါကစ္စတန်စစ်ရေးစွမ်းရည်အတွက် အရေးပါသော အပိုင်းတွင် ဆိုးရွားသည့် ပြဿနာများကြုံနေရသည်။

တရုတ်ချန်ဒူး လေယာဉ်စက်မှုလက်မှုလုပ်ငန်းစုမှ ဒီဇိုင်းထုတ်ထားပြီး တရုတ်အမျိုးသားအာကာနည်းပညာ ပို့ကုန်သွင်းကုန်ကော်ပိုရေးရှင်း (CATIC) မှရောင်းချသော လက်နက်တပ်ဆင်ထားသည့် ဒရုန်း ၃ စင်းကို ပါကစ္စတန်လေတပ် (PAF) က ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဝယ်ယူခဲ့သည်ဟု Ourtime BD က ဖော်ပြခဲ့သည်။

ယင်းဝေဟင်တိုက်ခိုက်ရေးဒရုန်းများသည် ပါကစ္စတန်တွင် အစင်း ၅၀ ကို ပူးတွဲထုတ်လုပ်ရန် ပါကစ္စတန်နှင့် တရုတ်တို့အကြား သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ပါကစ္စတန်နှင့် တရုတ်စစ်ဘက်အရာရှိများ ပူးပေါင်းအဆင့်မြှင့်ခဲ့သည့် တိုက်ခိုက်ရေးဒရုန်းများသည် ဝေဟင်နှင့် မြေပြင်အခြေစိုက်ပစ်မှတ်များကို လေဆာလမ်းညွှန်ဗုံးများနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ဖျက်ဆီး နိုင်စွမ်းရှိသည်။

ကြီးမားသောချို့ယွင်းချက်များဖြင့် အသုံးမပြုနိုင်သေးသည့် ဒရုန်းများကြောင့် ပါကစ္စတန်လေတပ် အရာရှိများသည် အိပ်မက်ဆိုးများဖြင့် လုံးပမ်းနေရသည်ဟု ပညာရှင်အဖွဲ့က ဆိုသည်။

ပါကစ္စတန်လေတပ်၏ စိတ်ဆင်းရဲမှုသည် တရုတ်ကုမ္ပဏီမှ ပေးသော ကရုဏာသက်ဖွယ်ဝန်ဆောင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုကြောင့် ဖြစ်သည်။ CATIC သည် ရပ်ထားရသည့် ဒရုန်းများအား ပြုပြင်ထိန်းသိမ်းရန် အပူတပြင်းတောင်းဆိုမှုများကို ဂရုမစိုက်ပေ။

ကုမ္ပဏီမှပေးအပ်သော အပိုပစ္စည်းများသည် စံနှုန်းမညီသလို အသုံးပြုရန်မသင့်လျော်ပေ။ ရပ်ထားရသော ဒရုန်းများပျံသန်းရန် ပါကစ္စတန်နိုင်ငံသို့ စေလွှတ်သော အင်ဂျင်နီယာများသည်လည်း အစောပိုင်း ကတည်းက အရည်အချင်းမပြည့်မီကြောင်း ဖော်ပြခဲ့သည်။

တိုက်ခိုက်ရေးဒရုန်းတွင် GPS အပါအဝင် အဓိကအစိတ်အပိုင်းများသည် တရုတ်ထုတ် UAS တွင် ပျက်စီးမှုများပြားကြောင်း အကြံပေးအဖွဲ့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly