ထိုင်ဝမ်မှ သကြားပန်းသီးနှင့် နှင်းသီးများတင်သွင်းမှုကို တရုတ် တားမြစ်

ထိုင်ဝမ်မှ သကြားပန်းသီးနှင့် နှင်းသီးများတင်သွင်းမှုကို တရုတ် တားမြစ်

တရုတ်တာဝန်ရှိသူများက ထိုင်ဝမ်မှ သကြားနှင့် နှင်းသီးများတင်သွင်းမှုကို စက်တင်ဘာ ၂၀ ရက်မှစတင်၍ ရပ်ဆိုင်းလိမ့် မည်ဖြစ်ပြီး အဆိုပါ သစ်သီးနှစ်မျိုးအား ယခုနှစ်အတွင်း စစ်ဆေးမှုအမျိုးမျိုးတွင် ပိုးမွှားများတွေ့ရှိခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာ ၁၉ ရက်က တရုတ်အထွေထွေအုပ်ချုပ်ရေးအကောက်ခွန်ရုံး (GAC) ၏ ဝက်ဘ်ဆိုက်တွင် ကြေညာချက်အရ အကောက်ခွန်အာဏာပိုင်များက အဖြူရောင်ဂျပိုးအသေးစားများတွေ့ရှိရသဖြင့် ထိုင်ဝမ်မှ ချယ်ရီမိုယိုအသီးနှင့် ဖယောင်းပန်းသီးများတင်သွင်းခွင့်ကိုလည်း ရပ်ဆိုင်းလိုက်ကြောင်း ဖော်ပြထားသည်။

အမေရိကန်အရာရှိများက ဝါရှင်တန်ရှိ ထိုင်ဝမ်ရုံးအမည်ကို "ထိုင်ဝမ်ကိုယ်စားလှယ်ရုံး" ဟု ပြောင်းရန်စဉ်း စားနေကြောင်း အမေရိကန်မီဒီယာများက ဖော်ပြပြီးနောက် တရုတ်အာဏာပိုင်များက ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။

တရုတ်အစိုးရမီဒီယာက ယင်းကိစ္စ ၂ ခုသည် ဆက်စပ်မှုမရှိကြောင်း ဖော်ပြရန်ကြိုးပမ်းခဲ့ပြီး ပုံမှန်ကာကွယ်မှုအစီအမံတစ်ခုသာဟု ဆိုခဲ့သည်။

အဖြူရောင်ဂျပိုးအသေးစားသည် အပင် ၂၅၀ ကျော်တွင် ကျရောက်တက်သော ပိုးမွှားတစ်မျိုးဖြစ်ပြီး အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသအသီးများနှင့် သီးနှံများကိုထိခိုက်စေနိုင်သည်။ အပင်အားပိုးမွှားကူးစက်လိုက်သည်နှင့် တစ်ပြိုင်နက် ပိုးမွှားသည် သစ်သီးစိုက်ပျိုးရေး လုပ်ငန်းတစ်ခုလုံး၏ စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေမည်ဖြစ်သည်။

တရုတ်အစိုးရကထိုင်ဝမ်အပေါ်သံတမန်ရေးနှင့် စစ်ရေးဖိအားများ အရှိန်မြှင့်နေစဉ် တရုတ်အစိုးရ၏ ဆောင်ရွက်ချက်အသစ်များ ထွက်ပေါ်လာသည်။

ထို့ပြင် ထိုင်ဝမ်သည် အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာမြောက် ဆက်ဆံမှုများ တိုးမြှင့်ခြင်းအားဖြင့် တရုတ်အား ဆန့်ကျင်ခဲ့သည်။ ထိုင်ဝမ် ခွဲထွက်မည်ဆိုပါက စစ်ဖြစ်မည်ဖြစ်ကြောင်း တရုတ်က ခြိမ်းခြောက်ထားသည်။

ဇွန်လ ၁ ရက်တွင် တရုတ်သမ္မတရှီကျင့်ဖျင်က ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်နှင့်ပြန်လည်ပေါင်းစည်းရန် ကတိပြုခဲ့ပြီး ထိုင်ဝမ်က တရားဝင်လွတ်လပ်ရေးကြိုးပမ်းမှုမှန်သမျှကို ချေမှုန်းမည်ဟု သံန္နိဌာန်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly