ပုသိမ်မြို့တွင် ကြံ့ခိုင်ရေးပါတီဝင် သေနတ်နှင့်ပစ်ခံရ

ပုသိမ်မြို့တွင် ကြံ့ခိုင်ရေးပါတီဝင် သေနတ်နှင့်ပစ်ခံရ

စက်တင်ဘာ ၂၃

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ တစ်ဖက်ကမ်း အမှတ် (၁၀) အုပ်စု ညောင်ချောင်းရပ်ကွက်တွင် နေထိုင်သည့် ရဲသတင်းပေးဖြစ်သူ ကြံ့ခိုင်ရေးပါတီဝင် ဦးကျော်သိန်းထွန်းကို အမည်မသိလူတစ်စုက စက်တင်ဘာ ၂၃ ရက် ညနေ ၅ နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

ညောင်ချောင်းရပ်ကွက်ရှိ ညောင်ချောင်းတံတားအနီးတွင် သေနတ်နှင့် သုံးချက်အပစ်ခံရခြင်းဖြစ်ပြီး သေဆုံးခြင်းရှိမရှိ အတည်ပြု၍မရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"သေမသေတော့ မသိရသေးဘူး။ စစ်ကားတွေနဲ့ရဲကားတွေ ရှစ်စီးလောက် အဲဒီဘက်ကိုဆင်းသွားတယ်။ ဘယ်သူမှ သွားမကြည့်ရဲသေးဘူး။

ရဲသတင်းပေး ကြံ့ခိုင်ရေးပါတီဝင်ဆိုတာတော့သေချာတယ် "ဟု ဒေသခံက ပြောသည်။

လက်ရှိအချိန်တွင် သေနတ်ဖြင့် အပစ်ခံခဲ့ရသူကို ရဲများက အိမ်စီးကားတစ်စီးနှင့် ခေါ်သွားသည်ဟု သိရပြီး စစ်‌ကောင်စီတပ်ဖွဲ့နှင့် ရဲများက ညောင်ချောင်းရပ်ကွက်အတွင်း ပိတ်ဆို့စစ်ဆေးခြင်းများ ပြုလုပ်နေ‌ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly